Main menu

ကြို့ပင်ကောက်မြို့နယ်တွင် Talk Show ဆွေးနွေးပွဲကျင်းပ

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ ကြို့ပင်‌ကောက်မြို့နယ်သည် ပြန်ကြားရေးနှင့် =ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၁၈-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပြန်/ဆက်ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) တွင် စားသုံးသူကာကွယ်ရေး =အသိပညာပေး Talk Show အစီအစဉ်ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

   ကြို့ပင်ကောက်မြို့နယ်တာဝန်ခံ ဒေါ်ရီရီရှိန်က ဌာန၏ဖွဲ့စည်းဆောင်ရွက်မှုအကြောင်းအရာများ၊ စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉၊ အခန်း(၉)ပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်‌ရောင်းချရန်၊ ဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် အခန်း(၁၁)ပါ ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ အာမခံချက်ပေးရန်နှင့် ဥပဒေပါ ဆောင်ရန်ရှောင်ရန်များကိုဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

DOCA(ပဲခူး)