Main menu

ဖြူးမြို့၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

Powered by Drupal

   ဖြူးမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များသိသင့်သိထိုက်သည့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဖြူးမြို့နယ်ဦးစီးမှူးရုံး၌ကျင်းပသည့် အသိပညာပေးဟောပြောပွဲသို့ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံရုံးမှ ဌာနခွဲစာရေး ဒေါ်ပပလင်းတက်ရောက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

   ဟောပြောပွဲတွင် ဖြူးမြို့နယ်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဒေဝီမေက မှတ်သားစရာအသိပညာများအကြောင်းကိုလည်းကောင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဇင်မင်းထွန်းက မိုးရာသီတွင်ဖြစ်တတ်သော ဝမ်းရောဂါအကြောင်းကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းက “မူးယစ်ဆေးဝါးတို့ရှောင်ရှား” ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောခဲ့ကြပါသည်။

    စားသုံးသူရေးရာဦးစီးဌာန၊ ဖြူးမြို့နယ်တာဝန်ခံရုံးမှ ဒေါ်ပပလင်းက စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရန်ကိစ္စရပ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉တွင် ပြဋ္ဌာန်းထားသည့်အကြောင်းများ၊ အစားအသောက်နှင့် အသုံးအဆောင်ပစ္စည်းများဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများကို ဦးစားပေးဖတ်ရှုသင့်သည့်အကြောင်းအရာများကို ဆွေးနွေးဟောပြောခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ဖြူးမြို့၊ မြို့မ (၁) အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ ၂၅ဦးတက်ရောက်ကြောင်း သိရပါသည်။

DOCA(ပဲခူး)