Main menu

တောင်ငူမြို့၊ အ-ထ-က(၃) တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

Powered by Drupal

    တောင်ငူခရိုင်၊  စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့၊ နံနက်ပိုင်းတွင် တောင်ငူမြို့၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲကျင်းပခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်သူဇာဝင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးစောသန်းထိုက်ကျော်တို့က သက်ဆိုင်ရာဌာနဆိုင်ရာများအလိုက် အသိပညာပေးဟောပြောကြပါသည်။

 ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်သူဇာဝင်းက မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းကိုဟောပြောခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးစောသန်းထိုက်ကျော်က စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေတွင် ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားဖော်ပြရန် ပြဋ္ဌာန်းထားရှိမှုများ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများကို ဖတ်ရှုသင့်ပုံများနှင့် ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားအတိုင်း လိုက်နာဆောင်ရွက်သင့်ပုံများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများကို တိုင်ကြားနိုင်ခြင်းများကို အကျယ်တဝင့်ဟောပြောဆွေးနွေးခဲ့ပါသည်။

     ဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ ၁၂၀ဦးတက်ရောက်ကြောင်းနှင့် ဟောပြောပွဲအပြီးတွင် ကျောင်းမုန့်ဈေးတန်း၌ ရောင်းချလျက်ရှိသော အသင့်စားမုန့်များနှင့် အချိုရည်များ၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)