Main menu

ဓာတ်မြေဩဇာဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    သထုံမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၉-၆-၂၀၂၃) ရက်နေ့တွင် ဓာတ်မြေဩဇာဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့ စစ်ဆေးရာတွင် သထုံမြို့ပေါ်ရပ်ကွက်ရှိ ဓာတ်မြေဩဇာဆိုင် (၄) ဆိုင်အား စောင့်ကြည့်စစ်ဆေးခဲ့ပြီးနောက် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာဖော်ပြမှုရှိ/မရှိ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉) ညွှန်ကြားချက်နှင့်ကိုက်ညီမှုရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုထောက်ခံချက်ရှိ/မရှိတို့ကို စောင့်ကြည့်စစ်ဆေးခဲ့ပြီး ဆိုင်ရှင်များအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉) ညွှန်ကြားချက်ဖော်ပြပါရှိသော လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)