Main menu

MSME လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

  (၂၁-၆-၂၀၂၃) ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဆောင်၍ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်အတူ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME လုပ်ငန်းများ၏ လုပ်ငန်းလည်ပတ်မှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

  ပထမဦးစွာ ခရွန်းကျေးရွာရှိ Cool Storage သို့ရောက်ရှိပြီး မွန်ပြည်နယ်၏အဓိကစိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များ၏ အရည်အသွေးနှင့်တန်ဖိုးမကျစေရန်နှင့် တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်ကာ စနစ်တကျထိန်းသိမ်းသိုလှောင်ထားရှိပြီး တင်ပို့နိုင်ရန်တို့အတွက် အအေးခန်းစက်ရုံတည်ထောင်ထားမှုအခြေအနေ၊ ထုန်ကုန်များသိုလှောင်ထားရှိမှုအခြေအနေနှင့် တိုးချဲ့ဆောင်ရွက်မှုအခြေအနေများကို ကြည့်ရှုလေ့လာခဲ့ကြသည်။

   ထို့နောက် ဖားအောက်ကျေးရွာအတွင်းရှိ မိသားစုတစ်ပိုင်တစ်နိုင်လုပ်ငန်းများလုပ်ကိုင်နေသော ရိုးရာအိမ်တွင်းရက်ကန်းချည်ထည်ရက်လုပ်မှုအခြေအနေများကိုကြည့်ရှုခဲ့ကာ ဆက်လက်၍ မော်လမြိုင်နည်းပညာတက္ကသိုလ်ရှိ ရွှေဇီဝသဘာဝဇီဝမြေဩဇာစက်ရုံသို့သွားရောက်ပြီး သဘာဝမြေဩဇာထုတ်လုပ်နေမှုအခြေအနေ၊ လုပ်ငန်းတိုးချဲ့နေမှုအခြေအနေများအား စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(မွန်)