စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် (၂၃-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းးပပြုလုပ်ခဲ့သော သဘာဝမြေဩဇာထုတ်လုပ်သူလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ရာ အဆိုပါဆွေးနွေးပွဲသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး နိုင်လယိတမနှင့် ပြည်နယ်အဆင့်သက်ဆိုင်ရာဌာနများ၊ သဘာဝမြေဩဇာထုတ်လုပ်သောလုပ်ငန်းရှင်များအပါအဝင် စုစုပေါင်း (၁၁) ဦးတက်ရောက်ခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲတွင် စီးပွားရေးရာဝန်ကြီး နိုင်လယိတမက အဖွင့်အမှာစကားပြောကြားပြီးနောက် မွန်ပြည်နယ်သည် စိုက်ပျိုးရေး၊ မွေးမြူရေးကို အဓိကလုပ်ကိုင်နေသောပြည်နယ်တစ်ခုဖြစ်သည့်အတွက် စိုက်ပျိုးရေးသွင်းအားစုဖြစ်သောမြေဩဇာများမှာ လိုအပ်လျက်ရှိကြောင်း၊ ပြည်ပမှ ဓာတ်မြေဩဇာတင်သွင်းမှုကိုလျော့ချရန်အတွက် ပြည်တွင်း၌ မြေဩဇာများကို လုံလောက်စွာထုတ်လုပ်ရန်လိုအပ်ကြောင်း၊ သဘာဝမြေဩဇာထုတ်လုပ်သည့်လုပ်ငန်းရှင်များ၏ ရင်းနှီးငွေအခက်အခဲများကို နိုင်ငံ့စီးပွားမြှင့်တင်ရေးမတည်ရန်ပုံငွေဖြင့် အတိုးနှုန်းသက်သာစွာထုတ်ချေးပေးလျက်ရှိကြောင်း၊ နည်းပညာလိုအပ်ချက်၊ ဈေးကွက်လိုအပ်ချက်များကိုလည်း သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးရန် ဆွေးနွေးမှာကြားခဲ့ကြောင်းသိရှိရပါသည်။
DOCA(မွန်)