Main menu

အအေးခန်းစက်ရုံလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

    (၂၆-၆-၂၀၂၃)  ရက်နေ့တွင် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် မော်လမြိုင်မြို့ နယ်မှ အအေးခန်းစက်ရုံလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးပွဲကို မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ စီးပွားရေးရာဝန်ကြီးရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ စီးပွားရေးရာဝန်ကြီး နိုင်လယိတမ၊ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ အအေးခန်းလုပ်ငန်းရှင်များအပါအဝင် စုစုပေါင်း (၆) ဦးတက်ရောက်ခဲ့သည်။

    ပထမဦးစွာ စီးပွားရေးရာဝန်ကြီးက မွန်ပြည်နယ်သည် သစ်သီးဝလံများ၊ ရေထွက်ပစ္စည်းများအများအပြားထွက်ရှိသည့် ပြည်နယ်တစ်ခုဖြစ်သည့်အတွက် သစ်သီးဝလံများ၊ ရေထွက်ပစ္စည်းများကို အရည်အသွေးမပျက်သိုလှောင်ထိန်းသိမ်းကာ ဈေးကွက်ထဲသို့ပို့ဆောင်ပါက ဈေးနှုန်းပိုမိုရရှိနိုင်ကြောင်း၊ ယခုကဲ့သို့ အအေးခန်းစက်ရုံများပိုမိုဖွံ့ဖြိုးလာပါက ပြည်နယ်အတွင်းရှိ သစ်သီးလုပ်ငန်းရှင်၊ ငရုတ်၊ ကြက်သွန်လုပ်ငန်းရှင်နှင့် ရေထွက်ပစ္စည်းလုပ်ငန်းရှင်များအတွက် များစွာအထောက်အကူပြုကြောင်း ပြောကြားခဲ့ပါသည်။

    ထို့နောက် တက်ရောက်လာသောလုပ်ငန်းရှင်များက အအေးခန်းစက်ရုံများလည်ပတ်မှုအခြေအနေ၊ အခက်အခဲများကိုတင်ပြခဲ့ကြရာ ၎င်းတို့၏အခက်အခဲများကိုဖြေရှင်းရန် သက်ဆိုင်ရာဌာနများနှင့်ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)