Main menu

ကျောက်ဖြူမြို့၊ ငလပွေ့ရပ်ကွက်၊ အခြေခံပညာအလယ်တန်းစာသင်ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်

Powered by Drupal

   ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူး ဦးအေးကျော် (လ/ထညွှန်ကြားရေးမှူး) နှင့် ဝန်ထမ်းများသည် (၂၆-၆-၂၀၂၃) ရက်နေ့၊ နေ့လယ် (၂:၃၀) နာရီအချိန်တွင် ကျောက်ဖြူမြို့၊ ငလပွေ့ရပ်ကွက်၊  အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းသား/သူများကို စားသုံးသူကာကွယ်ရေးနှင့် အစားအသောက်များဘေးအန္တရာယ်ကင်းရှင်းရေးတို့နှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပါသည်။

   အဆိုပါအသိပညာပေးဟောပြောပွဲတွင်  ဦးစွာပထမ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအေးကျော်က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက် (Vision)၊ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရန်၊   ရည်မှန်းချက် (Mission) (၄) ရပ်ကို ချပြဆွေးနွေးခြင်း၊ ရည်မှန်းချက်ပါ (၁) စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်ရေးဆောင်ရွက်ရန်ဖြစ်သည့် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း (၉) ပါ စားသုံးသူ၏အခွင့်အရေး (၈) ချက်နှင့် တာဝန် (၄) ချက်တို့ကို ဥပမာပေး၍ ချပြဆွေးနွေးခြင်း၊ (၂) ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဆောင်ရွက်ထားရှိသည့် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း၊ အခန်း(၁၈)၊ ပုဒ်မ(၄၁၊ ၄၂၊ ၄၃) ပြဋ္ဌာန်းချက်ပါ အချက်များကို ဥပမာပေး၍ ချပြဆွေးနွေးခြင်း၊ (၃) ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ အရည်အသွေးစီမံခန့်ခွဲမှုနှင့် သုတေသနဖွံ့ဖြိုးမှုလုပ်ငန်းများဆောင်ရွက်ရန်နှင့် (၄) ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးမှုနှင့်သုတေသနလုပ်ငန်းများဆောင်ရွက်ရန်ကိစ္စရပ်များကို အကျယ်တဝင့်ချပြဆွေးနွေးခြင်း၊ စားသုံးသူအခွင့်အရေးများအရ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်း၍ ကိစ္စရပ်များပေါ်ပေါက်ပါက တိုင်ကြားနိုင်သည့်အခွင့်အရေးရှိသည့်အတွက် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) များဖွင့်လှစ်ထားပါကြောင်းနှင့် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် အသိပညာဗဟုသုတများ၊ အခွင့်အရေးများနှင့် လိုအပ်သောအချက်အလက်များကို သိရှိလေ့လာနိုင်ခွင့်ရှိစေရေးအတွက် Website ဖြစ်သည့် www. doca. gov. mm နှင့် Doca Myanmar Mobile Application တွင် ဝင်ရောက်လေ့လာနိုင်ရေးနှင့် တိုင်ကြားနိုင်သည့်နည်းလမ်းများကို ချပြဆွေးနွေးဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)