ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် xxx Company Limited မှ ကားအရစ်ကျဝယ်ယူရန် စရံငွေ (၃) သိန်းပေးခဲ့ကြောင်း၊ နောက်ပိုင်းတခြားကိစ္စနှင့် အဆင်မပြေပါသဖြင့် Cancel ပြန်လုပ်သည့်အချိန်တွင် Refund ငွေပြန်ပေးခြင်းမရှိသောကြောင့် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ဆက်သွယ်တိုင်ကြားလာပါသည်။
တိုင်ကြားမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူက xxx Car Showroom သို့ ဆက်သွယ်ဆောင်ရွက်ခဲ့သော်လည်း ပြန်လည်အကြောင်းကြားမှုမရှိသဖြင့် ၁၀-၁-၂၀၂၁ ရက်နေ့တွင် တိုင်ကြားသူထံဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ xxx Car Showroom က တိုင်ကြားသူထံ Refund ငွေအား ပြန်လည်ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း အကြောင်းပြန်ကြားမှုရရှိသဖြင့် ၃၁-၃-၂၀၂၁ ရက်နေ့တွင် အမှုအား ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။