Main menu

စက်သုံးဆီဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်အတွင်းရှိ မြို့နယ်များတွင် ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၂၇-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၁း၀၀) နာရီအချိန်တွင် မအူပင်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့သွားရောက်ကွင်းဆင်း၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်များအရ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့၏ ဦးဆောင်မှုဖြင့် စက်သုံးဆီတင်သွင်း/သိုလှောင်/ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ တိုင်းဒေသကြီး/ပြည်နယ်နှင့် မြို့များအတွက် ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

 ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စက်သုံးဆီရောင်းချသည့်လုပ်ငန်းရှင်များကို စက်သုံးဆီတင်သွင်း/သိုလှောင်/ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက သတ်မှတ်ထားသောရည်ညွှန်းဈေးများအတိုင်း ရောင်းချရန်ဖြစ်ကြောင်း၊ ရည်ညွှန်းဈေးထက်ပိုမို၍ရောင်းချပါက သက်ဆိုင်ရာဌာနတို့၏ လုပ်ထုံးလုပ်နည်းဥပဒေများအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့ဒေသတွင်း ဆီပြတ်လပ်မှုမရှိစေရေးအတွက် ကုမ္ပဏီများထံမှမှာယူထားသော စက်သုံးဆီဘောက်ဆာကားများကြန့်ကြာမှုမရှိစေရေးနှင့် အချိန်မီရောက်ရှိစေရေးတို့အတွက် မိမိတို့ဌာနအနေဖြင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ဆီဆိုင်များတွင်ရောင်းချနေသော ဆီတစ်နေ့တာရောင်းချမှုနှင့် ဆီလက်ကျန်စာရင်းများ၊ ဆီဝင်ဘောက်ဆာကားများ၏ နေ့စဉ်ဝင်ရောက်မှုအခြေအနေ၊ နေ့စဉ်ဆီဈေးနှုန်းစာရင်းများနှင့် စာရင်းကောက်ယူခြင်း၊ လုပ်ငန်းများအဆင်ပြေချောမွေ့စေရန်ရည်ရွယ်၍ ချိတ်ဆက်ဆောင်ရွက်ခြင်းများ၊ မိမိတို့ရောင်းချနေသောကုန်စည်များကို အလေး၊ အချိန်အတွယ်ပြည့်ဝစွာရောင်းချကြရန် သိရှိစေရန်အလို့ငှာပြောကြားပြီးနောက် ဆီဆိုင်လုပ်ငန်းရှင်များသိရှိလိုသည်များကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

    အလားတူပင် မအူပင်ခရိုင်၏ မြို့နယ်များဖြစ်သော ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူမြို့နယ်များရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုနှင့်အတူ စားသုံးသူရေးရာဦးစီးဌာန၊ မိတ်ဖက်ဌာနများပူးပေါင်း၍ မြို့ပေါ်ရှိ ဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)