ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်သည် ၂၀၂၃ခုနစ်၊ ဇွန်လ (၂၁) ရက်၊ ညနေ (၁၆:၀၀) နာရီအချိန်တွင် အောင်မင်္ဂလာကွက်သစ်၊ ရာအိမ်မှူး ဦးကျော်ငြိမ်း၏နေအိမ်၌ လုပ်သားပြည်သူ (၁၀) ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးသိန်းမောင်က စားသုံးသူကာကွယ်ရေးဥပဒေနှင့်ပတ်သက်၍ စားသုံးသူများလုံခြုံစိတ်ချမှုရှိစေရေးအတွက် စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကိုဝယ်ယူခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့်အချက်များ၊ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ တာဝန်ယူမှု၊ တာဝန်ခံမှုအကြောင်းအရာများ၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချမှုရှိသည့် အရည်အသွေးမီကုန်စည်များကိုသာသုံးစွဲနိုင်ရေးအတွက် အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရန် သတ်မှတ်ချက်များပါရှိသော ကုန်စည်နှင့်အစားအသောက်များနှင့် တားမြစ်ကုန်စည်များအကြောင်း၊ မိမိတို့ဌာနအနေဖြင့် စားသုံးသူများအသုံးပြုသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများကို အန္တရာယ်ကင်းရှင်းစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း အသိပညာပေးပြောကြားခဲ့မှုကို သိရှိရပါသည်။
DOCA(ဧရာဝတီ)