Main menu

မင်းတုန်းမြို့၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် အသိပညာပေး Talk Show အစီအစဉ်ပြုလုပ်

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သရက်ခရိုင်၊ မင်းတုန်းမြို့ရှိ ဈေးကွက်များအတွင်း ရောင်းချဖြန့်ဖြူးလျက်ရှိသော ကုန်စည်များဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် (၂၃-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် မင်းတုန်းမြို့နယ်တာဝန်ခံ ဒု-ကြီးကြပ်ရေးမှူး ဦးကျော်ရွှေသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနများပါဝင်သော မိတ်ဖက်အဖွဲ့များနှင့်ပူးပေါင်း၍ မင်းတုန်းမြို့ရပ်ကွက်(၂/၃)ရှိ ကုန်စုံဆိုင်နှင့် စတိုးဆိုင်(၃)ဆိုင်တို့တွင် သုံးစွဲရန်မသင့်ဟုတားမြစ်ထားသော အလှကုန်တစ်မျိုးဖြစ်သည့် VONGEE အမှတ်တံဆိပ် Eyeshow Palette 18g တွင် တားမြစ်ဓာတုပစ္စည်း Rhodamine-B ပါဝင်နေခြင်းကြောင့်  ဈေးကွက်အတွင်း ရောင်းချနေမှုရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

ထို့နောက် မင်းတုန်းမြို့နယ်တာဝန်ခံ ဦးကျော်ရွှေက လုပ်ငန်းရှင်များအား တားမြစ်ဓာတုပစ္စည်းပါဝင်သည့်အလှကုန်ပစ္စည်းများကို ဈေးကွက်အတွင်း တင်သွင်းရောင်းချခြင်းမပြုရန်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း ၂၀၁၉ အခန်း(၁၈)ပါ ပုဒ်မ(၄၁)အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည်စုံစွာဖော်ပြထားသည့်  ကုန်စည်များသာရောင်းချရန်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ပြရန်ဖြစ်ကြောင်းနှင့် မြန်မာဘာသာဖြင့်ဖော်ပြရမည့်အချက်များကို မဖြစ်မနေထည့်သွင်းဖော်ပြရန်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်ပစ္စည်းများကို ဈေးကွက်အတွင်း ရောင်းချနေကြောင်းစစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉အရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်းနှင့် ဒု-ဦးစီးမှူး ဒေါ်နွဲ့ယဉ်ဝင်းက ကုန်စည်များတွင် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကို မဖြစ်မနေထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်းတို့ကို သိရှိကြစေရန်အတွက် အသိပညာပေးဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပြီးနောက် နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ဒုကြီးကြပ်ရေးမှူး ဦးကျော်ရွှေက ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများနှင့်ပတ်သက်၍ အသိပညာပေး TalkShow ဟောပြောပွဲကိုဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)