Main menu

မကွေးမြို့၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေး

Powered by Drupal

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများကို ရုံးချုပ်နှင့် တိုင်းဒေသကြီးဦးစီးမှူးရုံးတို့၏ လမ်းညွှန်ချက်နှင့်အညီ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ (၅-၇-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် မကွေးမြို့၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်လာရောက်ထုတ်ယူသော မြင်ကွန်းအုပ်စု (မြင်ကွန်း၊ သပြေရင်း၊ အင်ကုန်း၊ အင်းမ၊ တုတ်စမ်း၊ ကျောက်ကုန်း၊ သာယာကုန်း၊ ပုလဲငွေသောင်နှင့် သက်ရင်းတော) ကျေးရွာများမှ တောင်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေး‌နွေးပွဲဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါ အသိပညာပေး‌ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးမှ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်း (မကွေးမြို့နယ်တာဝန်ခံ) က စားသုံးသူရေးရာဦးစီးဌာန၏သမိုင်းကြောင်း၊‌  ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူများရရှိနိုင်မည့် အခွင့်အရေး(၈)ချက်၊ လိုက်နာရမည့်တာဝန် (၄) ရပ်၊ ကုန်စည်များဝယ်ယူစားသုံး/သုံးစွဲရာတွင် သတိပြုဝယ်ယူရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့်စပ်လျဥ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သူများ၊ တိုင်ကြားနိုင်သည့်နေရာများ၊ တိုင်ကြားမှုနည်းလမ်းနှင့် အလွယ်တကူခေါ်ဆိုတိုင်ကြားနိုင်သော Comsumer Call No. (1535) တို့အား ကျေးလက်ဒေသနေ တောင်သူများသိရှိအောင် အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

   စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲ၌ မကွေးမြို့နယ်၊ မြင်ကွန်းအုပ်စု၊ ကျေးရွာ (၉) ရွာမှ တောင်သူ (၁၆၀) ဦးတို့တက်ရောက်ခဲ့ပြီး ဌာနမှထုတ်ဝေသည့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါသည်။

DOCA(မကွေး)