Main menu

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူးသည် ငပုတောမြို့နယ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးကိစ္စ ကွင်းဆင်းဆောင်ရွက်

Powered by Drupal

  ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးစိုးအောင်နှင့် ဒုတိုင်းဦးစီးမှူးဦးစိုးဦးတို့သည် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၂ရက်နေ့တွင် ငပုတောမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့သွားရောက်၍ မြို့နယ်အုပ်ချုပ်‌ရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြင့်မြင့်စန်းအပါအဝင် လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ကျပ်(၈)ဘီလီယံဖြင့် မြို့နယ်(၂၆)မြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းနှင့် စီးပွားရေးကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် သက်ဆိုင်ရာကော်မတီအဆင့်ဆင့်၏ ချေးငွေသုံးစွဲခြင်းဆိုင်ရာ စံလုပ်ထုံးလုပ်နည်း(SOP)ပါအတိုင်း တာဝန်ယူကြီးကြပ်စစ်ဆေးဆောင်ရွက်ရန်နှင့် ကွင်းဆင်းစစ်ဆေးတွေ့ရှိမှုများကို တစ်ပတ်လျှင် တစ်ကြိမ် တိုင်းအစိုးရအဖွဲ့ထံသို့ တင်ပြရန်ဖြစ်ကြောင်း၊ ခရိုင်အလိုက် တာဝန်ပေးအပ်ထားသည့် တိုင်းကော်မတီဝင်များက ငပုတောမြို့နယ်သို့ လာရောက်ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးရန်ပုံငွေမှထုတ်ယူထားသည့် လုပ်ငန်းရှင်များ၏လုပ်ငန်းဆောင်ရွက်ထားမှု မြေပြင်အခြေအနေများ ကွင်းဆင်းဆောင်ရွက်မည့်အစီအစဉ်ကို မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ တင်ပြဆောင်ရွက်ရန်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်၊၊

DOCA(ဧရာဝတီ)