Main menu

ကော့သောင်းမြို့၊ လေဟာပြင်ဈေးတွင် စားသုံးဆီအမျိုးမျိုးကို ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

  တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်တွင် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၆ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကော့သောင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ခရိုင်အသေးစားနှင့်စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူပူးပေါင်း၍ လေဟာပြင်ဈေးတွင် လက်ကားဆီအရောင်းဆိုင် (၁၀) ဆိုင်သို့သွားရောက်၍ အစားအသောက်ကုန်စည်အုပ်စုတွင်ပါဝင်သည့် စားသုံးဆီအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များကို ကုန်စည်ပေါ်တွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း ဖော်ပြထားခြင်းရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)