Main menu

ဘားအံမြို့၊ အမှတ် (၁) ရပ်ကွက်၊ ကြာအင်းဘုန်းကြီးကျောင်းအနီး၊ အ-မ-က (၈) ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်၊ ဒု-ဦးစီးမှူး ဒေါ်နန်းပွင့်စန်းစန်းနှင့် အငယ်တန်းစာရေး ဒေါ်စောပြည့်မာလာတို့သည် (၇-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် အမှတ် (၁) ရပ်ကွက်၊ ကြာအင်းဘုန်းကြီးကျောင်းအနီး၊ အ-မ-က (၈) ၌ ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများရရှိစေရေးအတွက် ဌာနများနှင့်ပူးပေါင်း၍ အသိပညာပေးဟောပြောခဲ့ကြပါသည်။

    ထိုသို့ဟောပြောရာတွင် ကျောင်းသား/သူများကို စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်နန်းပွင့်စန်းစန်း (ဒု-ဦးစီးမှူး) က စားသုံးသူများ၏အခွင့်အရေး (၈) ချက်တို့ကို သာဓကများနှင့်တကွ သိရှိမြင်သာအောင် ရှင်းပြဟောပြောခဲ့ကြောင်းနှင့် ဦးမျိုးဝင်းနိုင် (ဦးစီးအရာရှိ) က စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းများ၊ အခွင့်အရေးများ၊ ကုန်အညွှန်းအမှတ်အသားများအကြောင်းကို အကျယ်တဝင့်ထပ်မံရှင်းပြခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ကျောင်းသား/သူ  (၁၂၀) ဦးနှင့်ဆရာ/မ (၉) ဦးတက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ကရင်)