၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဒေါ်နှောင်းနှောင်းဝင်းနှင့် ဝန်ထမ်းများသည် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဉီးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့နှင့်အတူ ဗန်းမော်မြို့ပေါ်ရှိ စားသုံးဆီများဖြန့်ဖြူးရောင်းချလျက်ရှိသော ဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။
ထို့သို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချသော စားသုံးဆီဆိုင်များတွင် စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားရှိခြင်း ရှိ/မရှိနှင့် စားသုံးဆီအမျိုးမျိုး၏ကုန်အညွှန်းအမှတ်အသားများဖော်ပြရာတွင် မြန်မာဘာသာဖြင့် မဖြစ် မနေဖော်ပြရမည့်အချက်များပြည့်စုံစွာဖော်ပြထားမှုရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီးနောက် စားသုံးဆီဖြန့်ဖြူးရောင်းချသော စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များအကြောင်း၊ တားမြစ်ချက်များ၊ ပြစ်မှု/ပြစ်ဒဏ်များအကြောင်းတို့ကိုပါ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ကချင်)