Main menu

စနစ်သစ် အသားတိုးဝက်မွေးမြူရေးလုပ်ငန်း၏ ဈေးကွက်ရရှိမှုနှင့် အလားအလာကောင်းများ

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပန်းတနော်မြို့နယ်သည် ရပ်ကွက်(၄)ခုရှိပြီး ကျေးရွာအုပ်စု (၅၂)အုပ်စုရှိပါသည်။ စိုက်ပျိုးရေးကဏ္ဍကို အဓိကထားဆောင်ရွက်လျက်ရှိသဖြင့် ပန်းတနော်မြို့နယ်၏ ကျေးရွာအုပ်စု (၅၂)အုပ်စုမှ တောင်သူများ စိုက်ပျိုးထုတ်လုပ်သည့် စပါးများကို ပုသိမ်-ရန်ကုန်ကားလမ်းဘေးရှိ ဆန်စက်ကြီး (၁၈)လုံးဖြင့် ကြိတ်ခွဲထုတ်လုပ်ပြီး ပြည်တွင်းဆန်ဈေးကွက်နှင့် ပြည်ပနိုင်ငံများသို့ တင်ပို့ဆောင်ရွက်နိုင်ရေးကို ဆောင်ရွက်လျက်ရှိသလို ခေတ်စနစ်နှင့် လျော်ညီသော Global Earth Argo & Aqua Public Co Ltd ၏ စနစ်သစ်မြစ်ငါးတန် မွေးမြူရေး၏ ဈေးကွက်ရရှိမှုကိုလည်း ပန်းတနော်မြို့နယ်တွင် တွေရှိရပါသည်။

   စနစ်သစ်မြစ်ငါးတန်မွေးမြူရေးလုပ်ငန်း၏ အောင်မြင်မှုရရှိသည့် အခြေအနေကောင်းများကဲ့သို့ ပန်းတနော်မြို့နယ် ဥတိုကျေးရွာတွင်  ဦးနေမင်းလုပ်ကိုင်ဆောင်ရွက်နေသော ထူးထက်ဟန် ကုမ္ပဏီ၏ စနစ်သစ် အသားတိုးဝက် မွေးမြူရေးလုပ်ငန်းခွင်အကြောင်းနှင့် ဈေးကွက်ရရှိမှု အလားအလားကောင်းများကို တွေ့ရှိခဲ့ရှိသည်။

    ထူးတက်ဟန်ကုမ္ပဏီပိုင်ရှင် ဦးနေမင်း၏ ပြောပြချက်အရ အသားတိုးဝက်မွေးမြူရေး စီမံကိန်းကို ပန်းတနော်မြို့နယ် ဘဝိုင်းကျေးရွာအုပ်စု ဥတိုကျေးရွာရှိ ဧက (၁၅၀)ပေါ်တွင် စီမံကိန်းချ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး၊ အလျား ၂၆၂ ပေ၊ အနံ ၄၃ ပေရှိ၊ အဆောက်အဦးအတွင်း ဝက်တစ်ကောင်လျှင် (၁၈၀၀၀၀/-)ကျပ် ဖြင့် ဝယ်ယူ၍ တစ်ခြံတွင် အကောင်ရေ (၆၅၀)ခန့် မွေးမြူခဲ့ပါသည်။

     ၁.၁၂.၂၀၂၀ ခုနှစ်တွင် မိမိတို့၏ လုပ်ငန်းရှင်(၃)ဦးဖြင့် အစုအဖွဲ့ ဖွဲ့စည်းပြီး စတင်မွေးမြူခဲ့ပါသည်။ တစ်ခြံလျှင် အသားတိုးဝက် (၆၅၀)ကောင်ဖြင့် (၈)ခြံစတင်မွေးမြူခဲ့ပါသည်။ အသားတိုး ဝက်များကို  စနစ်သစ်အလုံပိတ် အအေးပေးစနစ်ဖြင့် မွေးမြူခဲ့ကြောင်းကိုလည်း ရှင်းပြခဲ့ပါသည်။ အသားတိုးဝက်များကို အလုံပိတ် အအေးပေးစနစ်နှင့် မွေးမြူထားပြီး မွေးခါစတွင် CP ကုမ္ပဏီမှ ထုတ်လုပ်သောဝက်သား ၉၅၀ KPအစားအစာကျွေးပြီး အသားတိုးဝက်ကြီး ထွားလာမှုအပေါ်မူတည်၍ ၉၅၁ Kp နှင့် ၉၅၂ KP တို့ကို အသားတိုး ဝက်များ၏ စားနိုင်သ၍ နေ့စဉ် စနစ်တကျ ကျွေးမွေးရပါသည်။

    အသားတိုးဝက်များကို စတင်မွေးမြူသည်မှ (၁၄၅)ရက်သား အချိန်တွင် ဝက်တစ်ကောင်လျှင် ပိဿာချိန် ၆၀ မှ ၈၀ ပိဿာထိ ရှိသော အသားတိုးဝက်များကို ရရှိပါသည်။ မိမိတို့မွေးမြူထားသော အသားတိုးဝကိများကို City Marth များနှင့် မိုက်ခရိုဈေးကွက်တွင် ဈေးကွက်ရရှိပြီး တစ်ပိဿာလျှင် (၁၀၈၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရရှိသောကြောင့် ဈေးကွက်ခိုင်မာမှုရှိပြီး ဈေးကောင်းရရှိသည်ဟု ရှင်းလင်းပြောပြခဲ့ပါသည်။

    ၂၀၂၂/၂၀၂၃ ဘဏ္ဍာနှစ်တွင် မိမိတို့ ထူးထက်ဟန်ကုမ္ပဏီ၏ အသားတင်အမြတ်မှာ သိန်း(၁၉၀၀) ကျော် အကျိုး အမြတ်ရရှိခဲ့ကြောင်း ဦးနေမင်းထံမှ သိရှိရပါသည်။

  စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ်တာဝန်ခံ ဦးပိုးဖြူပိုင်မင်းနှင့် ဝန်ထမ်းများသည် ၂၀၂၃ခုနှစ် ဇူလိုင်လ ပထမပတ်တွင် ထူးထက်ဟန် ကုမ္ပဏီ၏ ဝက်သားတိုး မွေးမြူရေးလုပ်ငန်းခွင်သိူ့ သွားရောက်လေ့လာခဲ့ပြီး ပြည်တွင်းကုန်သွယ်မှု ဈေးကွက်ရရှိနိုင်မှုနှင့် စားသုံးသူများ၏ လိုအပ်ချက် ဖြည့်ဆည်းနိုင်မှုများကို အပြန်အလှန် ရှင်းလင်းဆွေးနွေးခဲ့ပြီး ထူးထက်ဟန် ကုမ္ပဏီ၏ အသားတိုး ဝက်မွေးမြူရေးလုပ်ငန်းသည် သန့်ရှင်းလတ်ဆက်မှုရှိပြီး စားသုံးသူအတွက် ဘေးကင်းစွာစားသုံးနိုင်မှုနှင့် ဈေးကွက်ရရှိမှုအလားအလာကောင်းများကို တွေ့ရှိရကြောင်း တင်ပြလိုက်ရပါသည်။

DOCA(ဧရာဝတီ)