Main menu

ရန်ကုန်မြို့ရှိ ဈေးကွက်များအတွင်း Sprite အချိုရည်များကိုစစ်ဆေး

Powered by Drupal

   (၅-၇-၂၀၂၃) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် သက်ဆိုင်ရာဈေးတာဝန်ခံများနှင့်အတူ ဈေးကွက်အတွင်းရောင်းချနေ‌သော Sprite အချိုရည်များသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ကုန်အညွှန်းအမှတ်အသားများဖော်ပြထားခြင်းရှိ/မရှိနှင့် (CCOBM) ကုမ္ပဏီမှထုတ်လုပ်သော ကုန်အမှတ်တံဆိပ်နှင့်ပုံစုံတူ Sprite အချိုရည်များရောင်းချခြင်းရှိ/မရှိတို့ကို ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းများကို ဦးနေလင်း (ဒု-ကြီးကြပ်ရေးမှူး) နှင့် ဝန်ထမ်းများက ဗိုလ်တထောင်မြို့နယ်၊ ဘိုကလေးဈေးတွင်လည်းကောင်း၊ ဒေါ်အေးအေးမော် (ဒု-ကြီးကြပ်ရေးမှူး) နှင့် ဝန်ထမ်းများက တောင်ဥက္ကလာပမြို့နယ်၊ နန္ဒဝန်ဈေးတွင်လည်းကောင်း၊ ဒေါ်မိုးမိုးကြည် (ဌာနခွဲစာရေး) နှင့် ဝန်ထမ်းများသည် ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေးတွင်လည်းကောင်း၊ Sprite  အချိုရည်ဘူးများကိုစစ်ဆေးခဲ့ရာတွင် တရားမဝင်ရောင်းချနေခြင်းမရှိကြောင်းနှင့် ဆိုင်ခန်း (၁၃) ဆိုင်ကိုစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)