Main menu

ညောင်ဦးမြို့၊ အခြေခံပညာအထက်တန်းကျောင်း (မြို့မ) တွင် အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

Powered by Drupal

   ညောင်ဦးမြို့၊ အခြေခံပညာအထက်တန်းကျောင်း (မြို့မ) ၌ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ညောင်ဦးခရိုင်၊ စားသုံးသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင်ကျရောက်မည့် (၇၆) နှစ်မြောက် အာဇာနည်နေ့အကြို အသိပညာပေးဟောပြောဆွေးနွေးမှုများဆောင်ရွက်ခဲ့ပါသည်။

  ဟောပြောဆွေးနွေးပွဲတွင် ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း (မြို့မ) ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်ဝင်းက ဟောပြောပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စန်းယုမော်က လူငယ်ဘက်စုံဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပညာပေးဟောပြောခဲ့ခြင်း၊ ဦးစီးအရာရှိ ဒေါ်သူဇာစိုးက (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အနေဖြင့် “အာဇာနည်နေ့ တို့မမေ့” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ပါသည်။ ဆက်လက်၍ ညောင်ဦးခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊  ဦးသန်းစိုး (ဦးစီးအရာရှိ) က စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်ပြီး အသိပညာများကို အကျယ်တဝင့်ဟောပြောဆွေးနွေးခဲ့ပြီး ကျောင်းသား/ကျောင်းသူများက ဟောပြောဆွေးနွေးမှုများနှင့်ပတ်သက်၍ မိမိတို့သိရှိလိုသည့်အကြောင်းအရာများကို မေးမြန်းဆွေးနွေးခဲ့ရာ သက်ဆိုင်ရာဌာနတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် အဆိုပါဟောပြောဆွေးနွေးပွဲသို့ ဆရာ/ဆရာမ (၁၀) ဦး၊ ကျောင်းသား/ကျောင်းသူ (၂၀၀) ဦး၊ ကျောင်းမုန့်ဈေးရောင်းချသူ (၃) ဦး၊ ဌာနဆိုင်ရာ (၄) ဦး၊ စုစုပေါင်း (၂၁၇) ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။ ဟောပြောဆွေးနွေးမှုများအပြီးတွင် ကျောင်းရှိ ကျောင်းမုန့်ဈေးဆိုင်များအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)