Main menu

Online Shopping ဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားခြင်း

Powered by Drupal

       ရန်ကုန်တိုင်းဒေသကြီးနေ တိုင်ကြားသူတစ်ဦးသည် xxxxxxx Online Shopping မှ Brand ပစ္စည်းအတုများ ရောင်းချနေသောကြောင့် ဖြေရှင်းဆောင်ရွက်ပေးပါရန် ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးသို့ ၂၇-၈-၂၀၂၀ရက်နေ့တွင် ဆက်သွယ်တိုင်ကြားလာပါသည်။ တိုင်ကြားမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက xxxxxx Online Shopping သို့ ၃-၉-၂၀၂၀ ၊ ၁၈-၁၂-၂၀၂၀ ရက်နှင့် ၁-၃-၂၀၂၁ ရက်နေ့တို့တွင် ဆက်သွယ်ခဲ့ သော်လည်း အကြောင်းပြန်ကြားလာခြင်းမရှိသဖြင့် ၂၆-၅-၂၀၂၁ ရက်နေ့တွင် တိုင်ကြားသူထံ ထပ်မံ ဆက်သွယ်မေးမြန်းရာ၌ ၁၁-၁၀-၂၀၂၀ ရက်နေ့တွင် xxxxxxx Online Shopping မှ တာဝန်ရှိသူက တိုင်ကြားသူသို့ ဆက်သွယ်တောင်းပန်ခဲ့ပြီး ကျသင့်ငွေ ၅၉,၀၀၀/- ကျပ်ကို ပြန်လည်ပေးအပ်ခဲ့ပြီးဖြစ် ကြောင်း၊ ဖြေရှင်းမှုနှင့်ပတ်သက်၍ ကျေနပ်မှုရှိပါကြောင်း ပြောကြားခဲ့သဖြင့် ၂၇-၅-၂၀၂၁ ရက်နေ့ တွင် အမှုအား ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။