Main menu

ပုဂ္ဂလိကကျောင်းဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားခြင်း

Powered by Drupal

             မန္တလေးတိုင်းဒေသကြီးနေ တိုင်ကြားသူတစ်ဦးသည် xxxxxx Pre School တွင် တစ်နှစ်စာ ငွေကျပ် (၂၂၅၀၀၀ဝိ/-) ပေးသွင်းပြီး ကျောင်းတက်ခဲ့ရာ Covid-19 ကာလဖြစ်၍ မတ်လမှစ၍ ကျောင်းပိတ်ခဲ့သော်လည်း Home Learning Plan စနစ်တကျ စီစဉ်ပေးနိုင်ခြင်း မရှိသဖြင့် ကျောင်း မတက်ခဲ့ရသည့် (၉) လစာအတွက် ငွေပြန်အမ်းပေးရန် ဖုန်းဖြင့် ဆက်သွယ်ပြောကြားသော်လည်း အဆင်ပြေမှုမရှိသဖြင့် ၂၂-၁၀-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးသို့ တိုင်ကြားခြင်း ဖြစ်ပါသည်။

          အထက်ပါ တိုင်ကြားမှုနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညှိနှိုင်းပေးမှုအရ xxxxxx Preschool ကျောင်းမှ တိုင်ကြားသူ ပေးသွင်းထားသည့် တစ်နှစ်စာ ကျောင်းလခမှ သင်တန်း တက်ခဲ့သည့်ကာလ (၃) လစာနှုတ်၍ ကျန်ငွေ (၁၆,၈၇,၅၀၀/-) ကျပ်၏ ၅၀ %  (၈၄၃,၇၅၀/-) ကျပ်ကို ၂၆-၁၁-၂၀၂၀ ရက်နေ့တွင်လည်းကောင်း၊ ကျန်ငွေ (၈၄၃,၇၅၀/-) ကျပ်ကို ၁၂-၃-၂၀၂၁ ရက်နေ့တွင် လည်းကောင်း ပြန်လည်ပေးအပ်ခဲ့ပြီး တိုင်ကြားသူမှလည်း ကျေနပ်မှုရှိသဖြင့် အမှုအားပိတ်သိမ်း ဆောင်ရွက်ခဲ့ပါသည်။