Main menu

ဆင့်ပွားဈေးကွက်ဖြန့်ချိရေးလုပ်ငန်း (Multi Level Marketing ) ဆောင်ရွက်နေခြင်း ရှိ/မရှိ စစ်ဆေးပေးရန် တိုင်ကြားခြင်း

Powered by Drupal

           မန္တလေးတိုင်းဒေသကြီးနေ တိုင်ကြားသူတစ်ဦးသည် xxxx လုပ်ငန်းနှင့်ပတ်သက်၍ ဆင့်ပွား ဈေးကွက်ဖြန့်ချိရေးလုပ်ငန်း (Multi Level Marketing ) ဆောင်ရွက်နေခြင်း ရှိ/မရှိ စစ်ဆေးပေးရန် မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ၈-၁-၂၀၂၁ ရက်နေ့တွင် ဆက်သွယ်တိုင်ကြားလာပါသည်။

          အဆိုပါတိုင်ကြားမှုနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက xxxx လုပ်ငန်း၏ ဈေးကွက်ရောင်းချမှု စနစ်ကိုကွင်းဆင်းစစ်ဆေးခဲ့ရာ xxxx ၏ ဈေးကွက်ဖြန့်ချိမှုပုံစံ မှာ ဆင့်ပွားဈေးကွက်ဖြန့်ချိပုံ၊ လုပ်ဆောင်ပုံများနှင့်တူညီမှုများရှိနေခြင်း၊ သုံးစွဲသူများက အရောင်း ကိုယ်စားလှယ်များထံမှ သတ်မှတ်တန်ဖိုး ၆၅၀၀ ကျပ်ဖြင့် ဝယ်ယူရပြီး CEO Level များကို ရောင်းချ ရာတွင် တစ်ဘူး ၂၉၀၀ ကျပ်ဖြင့် ရောင်းချနေခြင်း၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ပေးအပ်သော အလှကုန်ပစ္စည်းမှတ်ပုံတင်လက်မှတ်ရရှိသည့် အလှကုန်ပစ္စည်းစာရင်းတွင် ပါဝင်မှုမရှိ ခြင်း၊ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့် အညီ မှတ်ပုံတင်ဆောင်ရွက်ထားမှုမရှိခြင်းတို့ တွေ့ရှိရသည့်အတွက် xxxx လုပ်ငန်းအား ဆက်လက် ထုတ်လုပ်ဖြန့်ဖြူးခြင်း မပြုရန် တားမြစ်ခဲ့ပြီးလုပ်ငန်းအား စောင့်ကြည့်စစ်ဆေးသွားမည်ဖြစ်ကြောင်း အသိပေးတားမြစ်ထားသော်လည်း လူမှုကွန်ရက်မှဖြစ်စေ မြေပြင်အခြေအနေတွင်ဖြစ်စေ ဆက်လက် ဆောင်ရွက်နေကြောင်း တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ၊ အခြားသက်ဆိုင်ရာ တည်ဆဲဥပဒေများနှင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို xxxx လုပ်ငန်းသို့ လိပ်မူပေးပို့ခဲ့ ပြီး ချမ်းမြသာစည်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံးနှင့် အောင်ပင်လယ်ရပ်ကွက် အုပ်ချုပ် ရေးမှူးရုံးများသို့ မိတ္တူပေးပို့အကြောင်းကြားဆောင်ရွက်ခဲ့ပြီး ၂၆-၄-၂၀၂၁ ရက်နေ့တွင်  အမှုပိတ်သိမ်း မှတ်တမ်းတင်ထားရှိပါသည်။