မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ စားသုံးသူအသိပညာပေးရေးအစီအစဉ်နှင့် ပြန်ကြားဆက်သွယ်ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်အရ (၁၂-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူများအား ဝန်ဆောင်မှုလုပ်ငန်းများ၊ စားသောက်ကုန်များကိုဝယ်ယူသုံးစွဲရာတွင် ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲကို တောင်တွင်းကြီးမြို့နယ်၊ လယ်ပြင်ကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း၏ စာသင်ခန်းမ၌ ကျင်းပခဲ့ပါသည်။
တောင်တွင်းကြီးမြို့နယ်၊ စားသုံးသူရေးရာဦးဌာနမှ မြို့နယ်ဦးစီးမှူးအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏သမိုင်းကြောင်း၊ ဌာနဖြစ်ပေါ်လာပုံအဆင့်ဆင့်၊ ဌာန၏ဆောင်ရွက်နေသည့်လုပ်ငန်းဆောင်ရွက်ချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါပြဋ္ဌာန်းချက်များ၊ စားသုံးသူများရရှိနိုင်မည့်အခွင့်အရေးများနှင့် လိုက်နာရမည့်တာဝန်များ၊ ကုန်စည်များဝယ်ယူသုံးစွဲရာတွင်လည်း လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကုန်စည်ပေါ်တွင် ကုန်အညွှန်းအမှတ်အသား (၈) ချက်မှာလည်းအရေးပါကြောင်းနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်ကြားနိုင်သည့်နေရာများအကြောင်းတို့ကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မကွေး)