Main menu

မော်လမြိုင်မြို့၊ အ-ထ-က (ခွဲ) ငန်းတေးကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

Powered by Drupal

  မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်ဦးစီးမှူး၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၂-၇-၂၀၂၃) ရက်နေ့တွင် မော်လမြိုင်မြို့၊ အ-ထ-က (ခွဲ) ငန်းတေးကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြပါသည်။

   အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဟန်ဝင်းရီက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝါဝါမြိုင်က စားသုံးသူရေးရာဦးစီးဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်များကိုဝယ်ယူအသုံးပြုမည်ဆိုပါက မဝယ်ယူမီ ကုန်အညွှန်းအမှတ်အသားကို ပထမဆုံးဖတ်ရှုပြီးမှသာလျှင် ဝယ်ယူသင့်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာပြဋ္ဌာန်းချက်များ၊ စားသုံးရန်မသင့်ဟုသတ်မှတ်ထားသော အစားအသောက်များအကြောင်းတို့ကိုရှင်းလင်းဟောပြောခြင်း၊ စားသုံးသူများသည် ကုန်စည်နှင့် ဝန်ဆောင်မှုများကိုဝယ်ယူအသုံးပြုရာတွင် ထိခိုက်နစ်နာဆုံးရှုံးမှုဖြစ်လာလျှင် တိုင်ကြားနိုင်သည့်နေရာ၊ Consumer Call Center No. (1535) သို့ဖုန်းခေါ်ဆို၍လည်းတိုင်ကြားနိုင်ကြောင်း၊ www. doca. gov. mm တွင်လည်းဝင်ရောက်တိုင်ကြားနိုင်ကြောင်းတို့ကိုဟောပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါဟောပြောဆွေးနွေးပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူစုစုပေါင်း (၂၄၄) ဦးတက်ရောက်ခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီးထံသို့ စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

   ထို့နောက် ကျောင်းဝင်းအတွင်းရှိ ကျောင်းမုန့်ဈေးတန်းတွင်ရောင်းချလျက်ရှိသော အသင့်စားမုန့်များကိုစစ်ဆေး၍ ဈေးသည်များအား အသိပညာပေးခြင်းများကိုလည်းဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)