ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်း၊ မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့်ဝန်ထမ်းများသည် (၃.၈.၂၀၂၃) ရက်နေ့က ဓနုဖြူမြို့နယ်ရှိ အုန်းချိုမွေးလုပ်ငန်းသို့သွားရောက်၍ လုပ်ငန်းရှင်အသိပညာပေးဆွေးနွေးမှုများပြုလုပ်ခဲ့ကြပါသည်။
ယိုးဒယားအုန်းချိုမွေးစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းသို့သွားရောက်၍ အုန်းချိုမွေးခြံပိုင်ရှင်နှင့်တွေ့ဆုံ၍ ကွင်းအမှတ် (၁၃၃) သံလွင်ငူကွင်းအတွင်းရှိ ဧရိယာ (၁၈၀) ဧကတွင် စိုက်ပျိုးပြိးမှုအား သွားရောက်လေ့လာပြီး ဧကပေါင်း (၁၂၀) စိုက်ပျိုးခဲ့ကြောင်း လေ့လာသိရှိခဲ့ပါသည်။ ဆက်လက်၍ ခရိုင်ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနသည် “စားသုံးသူအခွင့်အရေး ဦးစားပေး” ဟူသောဆောင်ပုဒ်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ဌာန၏ မျော်မှန်းချက်အနေဖြင့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ” ဖြင့် နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် မျော်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ မူဝါဒများချမှတ်ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြော ကြားခဲ့ပြီး လုပ်ငန်းရှင်များမှ ထုတ်လုပ်သောကုန်စည်များ အရည်အသွေးမြင့်မားစေရေးနှင့် ကုန်စည်နှင့် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးနိုင်သည့် အချက်အလက်များအကြောင်း၊ လုပ်ငန်းရှင်များသိရှိနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားသည့်လုပ်ငန်းများကိုလည်း မှတ်ပုံတင်လျှောက်ထားရရှိရမည်ဖြစ်ပြီး အမိန်ကြေငြာစာထုတ်ပြန်ပြီး ခြောက်လ ပြည့်သည့်နေ့မှစ၍ မှတ်ပုံတင်မရှိပဲ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းမျိုးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ အရ အရေးယူခံရမည်ဖြစ်ကြောင်းကို အသိပညာပေး အပြန်အလှန်ဆွေးနွေးခဲ့ကြောင်းသိရပါသည်။
DOCA(ဧရာဝတီ)