ကျောက်ဆည်ခရိုင် ၊စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူအခွင့်အရေးများသိရှိစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် အသိပညာပေးဟောပြောဆွေးနွေးပွဲများကျင်းပခြင်းနှင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးရေးလုပ်ငန်းများအား စဉ်ဆက်မပျက်ဆောင်ရွက်လျက်ရှိရာ (၃.၈.၂၀၂၃) ရက်နေ့တွင် စဉ့်ကိုင်မြို့နယ်၊ ကျောက်ဆည်တက္ကသိုလ်၌ စဉ့်ကိုင်မြို့နယ်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပခဲ့ပါသည်။ အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် ကျောက်ဆည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာရီရီဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကျင်ဌေးက ဦးစီးဌာနအကြောင်းနှင့်ပတ်သက်၍ မိတ်ဆက်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ စဉ့်ကိုင်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူ းဦးကျော်မင်းထွန်းက ကျန်းမာရေးနှင့်ပတ်သက်သည့်သိကောင်းစရာများကိုလည်းကောင်း၊ ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ဦးဇော်မင်းလတ်(ဦးစီးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းထားရှိမှု၊ စားသုံးသူများ၏အခွင့်အရေးနှင့် စားသုံးသူတို့၏တာဝန်၊ လုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ ကုန်စည်နှင့်ဝန်ဆောင်မှုတို့စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်းဒေသကြီး/ ပြည်နယ်များရှိ Consumer Information & Complaint Center(CICC) များနှင့် Consumer Call Center ဖြစ်သည့် 1535 သို့ခေါ်ဆို၍ တိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www. doca. gov. mm ထဲသို့ဝင်ရောက်ပြီး တိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး အသိပညာပေးဟောပြောဆွေးနွေးပွဲသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ(၃၀၀)ဦးခန့်တက်ရောက်ခဲ့ပါသည်။ဆက်လက်၍ ခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည် ကျောင်းအတွင်းရောင်းချနေသော ဈေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသတင်းရရှိပါသည်။
DOCA(မန္တလေး)