Main menu

အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း သင်တန်းများဖွင့်လှစ်ပေးရန်စီစဉ်လျက်ရှိ

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဒေသအလိုက် စီးပွားရေးဖွံ့ဖြိုးမှုနှင့်အညီ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအမျိုးမျိုးနှင့် ချိတ်ဆက်နိုင်မည့် ပညာပေး အစီအစဉ်များ ဖော်ဆောင်ရန်၊ အလုပ်လက်မဲ့နှင့် ကျပန်းလုပ်သားများအနေဖြင့် အလုပ်အကိုင် အတည်တကျရရှိခြင်းဖြင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်း ကော်မတီဥက္ကဌ တိုင်းဒေသကြီး သယံဇာတဝန်ကြီး ဦးတင်သန်းဝင်း ဦးစီးပြီး ၂၀၂၁ ခုနှစ် နိုဝင်ဘာလ၈ ရက်နေ့က ကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် လုပ်ငန်းခွင် လုပ်သားခန့်ထားနိုင်မည့် အလုပ်ရုံများ လုပ်ငန်းရှင်များနှင့်ချိတ်ဆက်ပေးကာ လိုအပ်သည့် အတတ်ပညာသင်တန်းများပို့ချပေးရန် ဆွေးနွေးခဲ့ကြကြောင်း သင်တန်း ဆင်းပြီးနောက် လုပ်သားအဖြစ်လုပ်ကိုင်မည့်သူများအတွက် အလုပ်ရုံနှင့် ချိတ်ဆက်ပေးကာ ကိုယ်ပိုင်လုပ်ငန်းထူထောင်လိုသူများအတွက်လည်း နိုင်ငံတော်မှထုတ်ချေးပေး လျက်ရှိသော ချေးငွေအမျိုးအစားများနှင့် ချိတ်ဆက်ပေးနိုင်ရေးဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်းနှင့် အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့က ပူးပေါင်း၍ (၆)လ ဘဏ္ဍာနှစ် အတွင်း သင်တန်းအမျိုးအစား(၄)မျိုးဖွင့်လှစ်ပေးရန် ရည်ရွယ်ထားကြောင်း သိရှိရပါသည်။ ဆက်လက်၍ ကော်မတီအဖွဲ့ဝင် အဖြစ်ပါဝင်သည့် စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်ကျော်လွင်နှင့်အဖွဲ့သည် ပထမဆုံးဖွင့်လှစ်မည့် မုန့်မျိုးစုံထုတ်လုပ်နည်း သင်တန်းအတွက် စစ်ကိုင်းတိုင်းဒေသကြီး မုန့်လုပ်ငန်းရှင် အသင်းမှ တာဝန်ရှိသူများနှင့် နိုဝင်ဘာလ ၉ ရက်နေ့က တွေ့ဆုံကာ သင်တန်းဖွင့်လှစ်ပေးမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး အလုပ်အကိုင် အခွင့်အလမ်းဖော်ဆောင်ပေးခြင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေခြင်းတို့ဖြင့် ရေရှည်တည်တံ့သည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန
စစ်ကိုင်းတိုင်းဒေသကြီး