ပန်းမုန်လာ(ခေါ်) ပန်းဂေါ်ဖီမှာ အေးပြီး စိုစွတ်တဲ့ဒေသတွေမှာ စိုက်ပျိုးဖြစ်ထွန်းတာကြောင့် ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ မြို့နယ်အတော်များများတွင် စိုက်ပျိုးကြပါတယ်။ ပန်းမုန်လာကို မျိုးစေ့ ဖြင့် ပျိုးဘောင်များတွင် ကြဲပက်စိုက်ပျိုးပြီး ပျိုးသက်(၁)လခန့်အကြာတွင် ပျိုးပင်များကို ပြန်ခွဲ၍ ပြောင်းရွေ့ပြီး ဧကအလိုက် ပြန်လည်ပျိုးထောင် စိုက်ပျိုးကြပါတယ်။ အပင်စတင်စိုက်ပျိုးပြီးလျှင် (၃) ကြိမ် မြေဩဇာကျွေးပေးရပါတယ်။ မြေဩဇာကျွေးရာတွင်လည်း ပြောင်းရွေ့စိုက်ပျိုးပြီး (၇-၁၀) ရက်ခန့်တွင် ပထမအကြိမ်၊ ပထမအကြိမ်မြေဩဇာကျွေးပြီး (၁၀)ရက်ခန့်အကြာတွင် ဒုတိယအကြိမ်၊ ရွေ့စိုက်ပြီး (၁)လခန့်အကြာတွင် တတိယအကြိမ်ဖြင့် (၃)ကြိမ်ခန့် မြေဩဇာကျွေးပေးရတယ်လို့ သိရပါတယ်။ အပွင့်များကောင်းစွာပွင့်ချိန်တွင်လည်း နေရောင်ခြည်နှင်တိုက်ရိုက်ထိတွေ့ပါက ပန်းပွင့် အရောင်ပြောင်းလဲသွားတတ်ပြီး စားသုံးရာတွင်လည်း အသားကြမ်း၍ အရသာခါးသက်လာနိုင်သဖြင့် အပွင့်၏အရွယ်(၂-၃)လက်မအရွယ်ရောက်လျှင် အပြင်အရွက်များကို စည်းထားပေးရတယ်လို့သိရှိ ရပါတယ်။ စတင်စိုက်ပျိုးပြီး ပိုးမွှားကျရောက်မှုအခြေအနေပေါ်မူပြီး ပိုးသတ်ဆေးအနည်းငယ် ဖြန်းပေးရပါတယ်။ ပန်းပွင့် စတင်ပွင့်လာပြီး ရက်ပေါင်း(၉၀)ကြာလျှင် ခူးဆွတ်နိုင်ပြီဖြစ်ပါတယ်။ ယခုလက်ရှိ ပန်းမုန်လာပေါက်ဈေးမှာ တစ်ပွင်လျှင် အပွင့် အကြီး အသေးပေါ်မူတည်၍ (၈၀ဝိ/- မှ ၂၀၀ဝိ/-)ထိ ဈေးရှိတယ်လို့ သိရှိရပါတယ်။ ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ထွက်သော ပန်းမုန်လာများကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စတဲ့မြို့ကြီးများအပြင် မြေပြန့်ဒေသအတော်များများသို့ တင်ပို့ ရောင်းချလျက်ရှိကြောင်း သိရှိရပါတယ်။
DOCA(ရှမ်း)