Main menu

ပြည်ပဲနီပြားဈေးနှုန်းများ စံချိန်တင်မြင့်တက်လာ

Powered by Drupal

    ပြည်ပဲမျိုးစုံဈေးကွက်မှာ လက်လီရောင်းဝယ်မှုသာဖြစ်ပြီး ဈေးအမြင့်ဖြင့် ရောင်းဝယ်နေသည့်ပဲသီးနှံမှာမူ ပဲနီပြားသီးနှံဖြစ်ခဲ့ပါသည်။ ပဲနီပြားသီးနှံသည် ယခုနှစ်၊ ဩဂုတ်လ လက်လီပဲဈေးကွက်မှာ စားတော်ပဲသီးနှံပြီးလျှင် ဒုတိယဈေးအမြင့်ဆုံးဖြင့် ရောင်းဝယ်နေသောသီးနှံဖြစ်ခဲ့ကာ ပိဿာ (၂၀) ဝင် တစ်တင်းလျှင် (၁)သိန်းကျပ်ဖြင့် လက်လီသမားများ နေ့စဉ် အိတ် (၃၀/၄၀) ကျော်ဝယ်ယူလျက်ရှိကြောင်းသိရပါသည်။ ပဲနီပြားသီးနှံကို ပဲကြော်ဖိုသမားများက ဝယ်ယူမှုရှိသကဲ့သို့ ပဲပြုတ်ရောင်းချသူများကလည်း ဝယ်ယူနေခဲ့ကြပါသည်။ ယခင်နှစ်၊ ဩဂုတ်လ ပဲဈေးကွက်အတွင်း ပဲနီပြားသီးနှံမှာ ပိဿာ(၂၀)ဝင် တစ်တင်းလျှင် ကျပ် (၅)သောင်းခန့်သာရရှိခဲ့သည့်အတွက် ယခုနှစ်ပဲဈေးနှုန်းမှာ ယခင်နှစ်ထက် (၂)ဆခန့်ဈေးပိုလာသောကြောင့် နှစ်အလိုက် ဈေးနှုန်းများအရလည်း ယခုနှစ်စံချိန်တင်မြင့်တက်ခဲ့သည်ဟုသိရပါသည်။

DOCA(ပဲခူး)