မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နေ တိုင်ကြားသူ သည် အီလက်ထရောနစ်ပစ္စည်း အရောင်းဆိုင်မှ ဖုန်းဝယ်ယူရာတွင် Oppo Reno 8 T အမျိုးအစားကို ဝယ်ယူရန် တိုက်တွန်းခဲ့ပြီး ဖုန်း Setting အားလည်း သေချာစွာ နားလည်အောင် ရှင်းပြခဲ့ခြင်းမရှိသည့်အတွက် သုံးစွဲ၍ အဆင်မပြေသောကြောင့် ငွေပြန်လည်အမ်းပေးစေလို ကြောင်းနှင့် ငွေပြန်လည်အမ်းပေးရန် အဆင်မပြေပါက အခြားဖုန်းအမျိုးအစားထဲမှ ငွေကြေးအလိုက် ပေး၍လဲလှယ်ပေးရန်တောင်းဆိုမှုအပေါ် ဆောင်ရွက်ပေးမှုမရှိသဖြင့် စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားလာပါသည်။ တိုင်ကြားမှုနှင့်ပတ်သက်၍ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက အီလက်ထရောနစ်ပစ္စည်းအရောင်းဆိုင်နှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ခဲ့ရာ ဆိုင်မှတာဝန်ရှိသူက ဝယ်ယူသူသို့ အဆင်ပြေအောင် ဖြေရှင်းပေးမည်ဖြစ်ကြောင်း ပြောကြား လာသည့်အတွက် တိုင်ကြားသူကိုယ်တိုင် အီလက်ထရောနစ်ပစ္စည်းအရောင်းဆိုင်သို့ သွားရောက်၍ငွေကျပ် ၈၉၉,၉၀၀/- ဖြင့် ဝယ်ယူခဲ့သည့် ဖုန်းအား ပြန်လည်ပေးအပ်ကာ ငွေကျပ်၂,၄၀၀,၀၀၀/-သိန်း တန်ဖိုးရှိ i Phone အမျိုးအစားဖြင့် ငွေကြေးအလိုက်ပေး၍ လဲလှယ်ဝယ်ယူခဲ့ပါသောကြောင့် နှစ်ဦးနှစ်ဖက် ကျေနပ်မှုရရှိသဖြင့် တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။