နေပြည်တော်၊ ဇမ္ဇူသီရိမြို့နယ်နေ တိုင် ကြားသူသည်*** ဈေးဝယ်စင်တာတွင် ရောင်းချနေသော *** Smart TV 43”(LED) တစ်လုံးကို ၂၉-၈-၂၀၂၂ ရက်နေ့တွင် ဝယ်ယူခဲ့ရာ အာမခံ သက်တမ်းမှာ(၂)နှစ်ဖြစ်ပြီး ၆-၅-၂၀၂၃ ရက်နေ့တွင် Display အစင်းကြောင်းပေါ်သဖြင့် ဝယ်ယူသည့်နေရာသို့ ဆက်သွယ်ပြောကြားခဲ့သော်လည်း ၎င်းဆိုင်မှ ရန်ကုန်မြို့ရှိ *** Center သို့ပို့ခဲ့ပြီး Center မှ မှန်ကွဲ၍ ဒေါင်လိုက်အစင်းထင်ကြောင်းနှင့် ပြင်ဆင်ပါက ၄၉၆,၀၀၀/-ကျပ် ပေးရမည်ဖြစ်ကြောင်း ပြောကြားသဖြင့် ကျေနပ်မှုမရှိသောကြောင့် စားသုံးသူရေးရာဦးစီးဌာနသို့ လူကိုယ်တိုင် လာရောက်တိုင်ကြားလာပါသည်။ တိုင်ကြားမှုနှင့်ပတ်သက်၍ နေပြည်တော်ဦးစီးမှူးရုံးမှ၊ တာဝန်ရှိသူများက ၂၆-၇-၂၀၂၃ ရက်နေ့တွင် *** ဈေးဝယ်စင်တာမှ အရောင်းမန်နေဂျာအား ခေါ်ယူပြီး ဖြေရှင်းပေးနိုင်မည့်အခြေအနေ မေးမြန်းခဲ့ပါသည်။ ၂၈-၇-၂၀၂၃ ရက်နေ့တွင် တိုင်ကြားသူနှင့် *** ဈေးဝယ်စင်တာ တာဝန်ခံတို့အား တွေ့ဆုံဆွေးနွေးပေးခဲ့ရာတွင် ပစ္စည်းတင်သွင်း(Supplier)သည့် “***” ကုမ္ပဏီတွင် တာဝန်ရှိကြောင်းနှင့် ၎င်း “***” ကုမ္ပဏီမှလာ ရောက်ဖြေရှင်းရန် ၇-၈-၂၀၂၃ ရက်နေ့တွင် ချိန်းဆိုသဘောတူညီခဲ့ကြပါသည်။ *** ကုမ္ပဏီမှ ဝယ်ယူသူ၏ အမှားကြောင့် ဖြစ်ရခြင်းဖြစ်သဖြင့် တာဝန်ယူဆောင်ရွက်ပေးရန်မဖြစ်နိုင်ကြောင်း ပြောကြားလာမှုအပေါ် နေပြည်တော် ဦးစီးမှူးရုံးက *** ဈေးဝယ်စင်တာသို့ အပြည့်အဝ တာဝန်ယူရန် စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်(ပုံစံ၁၀) ကိုချမှတ်လိုက်ပြီး *** ဈေးဝယ်စင်တာသို့ အကြောင်းကြားခဲ့ရာ *** ဈေးဝယ်စင်တာမှ တိုင်ကြားသူ နစ်နာမှုအတွက် ငွေကျပ် ၅၀၀,၀၀၀/- သို့မဟုတ် ငွေကျပ် (၅) သိန်းတန် City Gift ပေး၍ ကြိုက်နှစ်သက်ရာ ဝယ်ယူနိုင်ကြောင်း ပြန်ကြားလာခဲ့ပါသည်။ တိုင်ကြားသူမှ 32”Smart (Samsung ) TV (၁)လုံးအား *** ဈေးဝယ်စင်တာမှ အစားထိုးဝယ်ယူလိုက်သဖြင့် နှစ်ဦးနှစ်ဖက် ကျေနပ်မှုရှိပါသောကြောင့် တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။