Main menu

အုတ်တွင်းမြို့နယ်တွင် မိုးစပါးများ အောင်မြင်ဖြစ်ထွန်း

Powered by Drupal

     တောင်ငူခရိုင် အုတ်တွင်းမြို့နယ်တွင် မိုးစပါးစိုက်ဧက ၈၉၁၄၈ ဧက စိုက်ပျိုးထားရာ  အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ယခုအခါ အချို့နေရာများ၌ ရိတ်သိမ်းနိုင်တော့မည်ဖြစ်ပါသည်။ ယခင်နှစ်က စပါးတင်းပေါင်း ၆၄ သိန်းကျော် ထွက်ရှိပါသည်။ ယခုနှစ်တွင် မိုးကောင်းမွန်စွာ ရွာပြီး ရေကြီးနစ်မြှုပ်မှုလည်း နည်းပါးသဖြင့် စပါးအထွက်ပိုမည်ဖြစ်ပါသည်။

   အုတ်တွင်းမြို့နယ်တွင် တောင်သူအများဆုံးစိုက်ပျိုးသော စပါးများမှာ ဆင်းသုခ၊ ဗျော့ထွန်းနှင့် ရာပြည့်တို့ဖြစ်ပါသည်။ တောင်သူအများစုမှာ မျိုးစပါးကို ကိုယ်တိုင်မျိုးသန့်၍ ထားရှိပါသည်။ ကိုယ်တိုင်မျိုးစပါးမထားသည့် တောင်သူများအနေဖြင့် မျိုးစပါး တစ်တင်း ၃၀၀၀၀ ကျပ်ဖြင့် ဝယ်ယူရပါသည်။

    အုတ်တွင်းမြို့နယ်တွင် လူဦးရေ ၁၈၀၀၀၀ ခန့်ရှိရာ ထွက်ရှိသော စပါးများမှ ဝမ်းစာစပါး၊ မျိုးစပါးနှင့် အလေအလွင့် တင်း ၃၀ ခန့်ရှိမည်ဖြစ်ရာ ယခင်နှစ်က စပါးတင်း ၃၄ သိန်းခန့် ပိုလျှံခဲ့ပြီး ယခုနှစ်တွင်မူ စပါးအထွက်ပိုပြီး ယခင်နှစ်ကထက် စပါးပိုလျှံနိုင်ကြောင်း သိရပါသည်။

DOCA(ပဲခူး)