Main menu

မြောင်းမြခရိုင် မြောင်းမြမြို့နယ်၊ သဲပုံဆိပ်ဈေးရှိ ဓါတ်မြေဩဇာ၊ ဘိလပ်မြေ ဈေးနှုန်းများ ကွင်းဆင်းစုံစမ်း

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်၊ ဒု/ခရိုင်ဦးစီးမှူး မြို့နယ်တာဝန်ခံတို့သည့် (၉.၁၂.၂၀၂၁)ရက်နေ့ (၁၃:၀၀) နာရီ အချိန်တွင် မြောင်းမြမြို့ သဲပုံဆိပ်ဈေးရှိ ဓါတ်မြေဩဇာနှင့် ဘိလပ်မြေဆိုင်များသို့သွားရောက်၍ ဈေးနှုန်းဈေးကွက်နှင့် စီးဝင်စီးထွက်မှုအခြေအနေများအား ကွင်းဆင်းတွေ့ဆုံ မေးမြန်းဆောင်ရွက် ခဲ့ပါသည်။ ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ပုလဲဓါတ်မြေဩဇာ(အာမို) တစ်အိတ်လျှင် (၇၅၀၀၀)ကျပ်၊ တီစူပါ(သံကွင်း)တစ်အိတ်လျှင်(၆၃၀၀၀)ကျပ်ရှိကြောင်းသိရှိရ၍ ယခင်အပတ် ဈေးနှုန်းနှင့် ဈေးနှုန်းကွာခြားမှုမရှိကြောင်း သိရှိခဲ့ရပြီး၊ Alpha တစ်အိတ်လျှင် (၇၀၀၀)ကျပ်၊ Crown(အနီ)တစ်အိတ်လျှင် (၇၀၀၀)ကျပ်၊ Crown(အပြာ) တစ်အိတ်လျှင် (၆၈၀၀)ကျပ်ဈေး ရှိကြောင်း၊ ယခင်ပတ်ဈေးနှုန်းနှင့် ဈေးနှုန်းကွာခြားမှုမရှိကြောင်းစုံစမ်းသိရှိရ၍ လက်ရှိဖြစ်ပေါ် နေသည့် ဈေးနှုန်းမှာ ယခင်လ၊ယခင်ပတ် ဈေးနှုန်းအခြေအနေများနှင့် ကွာခြားမှုမရှိကြောင်း တွေ့ရပါသည်။ဆိုင်ရှင်များအား ဈေးနှုန်းမှန်ကန်စွာရောင်းချရေး အသိပေးဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ဧရာဝတီတိုင်းဒေသကြီး)