
မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း/ သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီလက်ကားဈေးနှုန်းတို့ကို နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။
မင်းဘူးမြို့နယ်တွင် စက်သုံးဆီဆိုင်(၁၆)ဆိုင်ရှိရာ ဆိုင်များအားလုံးမှာ ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(စတုတ္ထပတ်)နှင့် အောက်တိုဘာလ(ပထမပတ်)တို့၌ စက်သုံးဆီဈေးနှုန်းမှာ ဓာတ်ဆီ (92) (၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၂၃၅)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၁၁၅)ဖြစ်၍ ကျပ်(၁၂၀)ဈေးလျော့ခဲ့ကြောင်း၊ ဒီဇယ်(ရိုးရိုး) (၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၆၄၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၅၉၅)ဖြစ်၍ ကျပ်(၄၅) ဈေးလျော့ခဲ့ကြောင်း၊ ဒီဇယ် (ပရီမီယမ်)(၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၇၁၅)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၆၃၅) ဖြစ်၍ ကျပ်(၈၀)ဈေးလျော့ခဲ့ကြောင်း၊ စက်သုံးဆီလက်ကျန်အနေဖြင့် နေ့စဉ်လည်ပတ်ရောင်းချရန် ကျန်ရှိနေကြောင်းနှင့် စက်သုံးဆီများအားရောင်းချရာ၌ အရေအတွက်အနည်းအငယ်သာရောင်းချရကြောင်းသိရှိရပါသည်။
DOCA(မကွေး)