Main menu

တညင်းကုန်းလက်ကားဈေးကြီးတွင် ယခုရက်သတ္တပတ်အတွင်း ရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

Powered by Drupal

          အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ အောက်တိုဘာလ (၄) ရက်နေ့မှ အောက်တိုဘာလ(၁၀)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်းသိရှိရပါသည်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ် (ပိဿာ) ကျပ် ၁၂၀၀ မှ ၂၀၀၀ အတွင်း၊ ဂေါ်ဖီထုပ် (တစ်ထုပ်) ကျပ် ၄၀၀ မှ ၁၅၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်) ကျပ် ၇၀၀ မှ ၂၂၀၀ အတွင်း၊ အာလူး(ပိဿာ) ကျပ် ၂၀၀၀ မှ ၂၃၀၀ အတွင်း၊ မုန့်လာဥနီ (ပိဿာ) ကျပ် ၃၄၀၀ မှ ၃၆၀၀ အတွင်း၊ ရွှေဖရုံသီး(လုံး) ကျပ် ၁၂၀၀ မှ ၅၀၀၀ အတွင်း၊ ဘူးသီး(လုံး) ကျပ် ၈၀၀ မှ ၁၈၀၀ အတွင်း၊ မုန်ညှင်း(ထုပ်) (ပိဿာ) ကျပ် ၃၄၀၀ မှ ၃၇၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ) ကျပ် ၂၄၀၀ မှ ၂၈၀၀ အတွင်း၊ ကြက်သွန်ဖြူ (ရှမ်း) (ပိဿာ) ကျပ် ၇၂၀၀ မှ ၈၀၀၀ အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) (ပိဿာ) ကျပ် ၇၀၀၀ မှ ၇၂၀၀ အတွင်း၊ ချင်း(ပိဿာ) ကျပ် ၄၅၀၀ မှ ၈၅၀၀ အတွင်း၊ ဆလပ်ရွက်(စည်း) ကျပ် ၂၀၀ မှ ၂၅၀ အတွင်း၊ ချဉ်ပေါင်ရွက်(စည်း) ကျပ် ၆၀ မှ ၁၀၀ အတွင်း၊ ခရမ်းသီး  (ရှည်) (ပိဿာ) ကျပ် ၁၂၀၀ မှ ၂၂၀၀ အတွင်း၊ သံပရာသီး(လုံး) ကျပ် ၅၀ မှ ၁၀၀ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (ပိဿာ)ကျပ် ၁၂၀၀ မှ ၂၂၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် ၁၅၀၀ မှ ၆၀၀၀ အတွင်းဖြစ်ကြောင်း သိရှိရပါတယ်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း(၄၁၀၇၀၀)ကျော်၊ ခရမ်းသီး(ရှည်) (ပိဿာ) (၂၀၃၂၅)ကျော်၊ ဘူးသီးအလုံးပေါင်း (၂၆၃၅)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း(၃၇၄၅)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၅၄၄၄၀)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၄၂၈၀၀)ကျော်၊ မုန်ညှင်းထုပ် (ပိဿာ)ပေါင်း (၈၂၈၀)ကျော်၊ ဖရဲသီးလုံးပေါင်း (၁၃၆၀၀)ကျော်  အသီးသီးကုန်အဝင်ရှိကြောင်း သိရပါသည်။

DOCA(ရန်ကုန်)