Main menu

ပျဉ်းမနားမြို့နယ်၊ ပျဥ်းမနား အမှတ်(၁) မြို့မဈေးရှိ စားသုံးဆီရောင်းချသည့်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

          ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၁၇)ရက်နေ့တွင် ပျဉ်းမနားမြို့နယ်၊ ပျဥ်းမနား အမှတ်(၁) မြို့မဈေးရှိ စားသုံးဆီရောင်းချသည့်ဆိုင်များအား စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီ(ဈေးများဌာန)၊ ကျန်းမာ‌ရေးဝန်ကြီးဌာန၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ နေပြည်‌တော်အတွင်း စားသုံးဆီအတု သိုလှောင်ဖြန့်ဖြူးရောင်းချမှုနှင့် စားအုန်းဆီများကို မြေပဲဆီ အနံ့ရရှိစေရန် ရောစပ်သော ဓာတုကုန်ကြမ်းပစ္စည်း ရောင်းချဖြန့်ဖြူး နေခြင်းရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

            ထိုပူးပေါင်းအဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ အာဟာရသုခဈေးနှင့် လယ်ဝေးမြို့နယ်၊ အေလာဈေး များသို့ ဆက်လက် စစ်ဆေးခဲ့ရာ စပ်ဆီများကို တွေ့ရှိခဲ့ပြီး ပဲစပ်ဆီ (၅၀သား)တစ်ဘူး (၅၁၀၀)ကျပ်၊ ပဲဆီ(၅၀သား)တစ်ဘူး (၇၀၀၀)ကျပ်နှင့် နှမ်းစပ်ဆီ (၅၀သား)တစ်ဘူး (၅၀၀၀)ကျပ်ဖြင့် နမူနာ ဝယ်ယူခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစုသို့ (ဓါတုပစ္စည်းများပါ/မပါ)စစ်ဆေးရန် ပေးပို့ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(နေပြည်တော်ကောင်စီ)