မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ မြို့မစည်ပင်သာယာဈေး၊ အမှတ်(၂)ဈေးနှင့် ပျံကျဈေးတို့တွင် စားဖိုဆောင်သီးနှံများဖြစ်သည့် ကြက်သွန်ဖြူ၊ချင်း(ဂျင်း)နှင့် အာလူးများရောင်းချလျက်ရှိပါသည်။
၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(ပထမပတ်)တွင် ကြက်သွန်ဖြူ(ရှမ်းစ)လက်ကားဈေးမှာ တစ်ပိဿာလျှင် ကျပ်(၉၅၀၀-၁၀၀၀၀-၁၁၀၀၀)နှင့် လက်လီဈေးမှာ ထိပ်စတစ်ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၁၁၀၀၀)၊ ချင်း(ဂျင်း) လက်ကားတစ်ပိဿာလျှင် ကျပ်(၅၀၀၀)နှင့် လက်လီတစ်ပိဿာလျှင် ကျပ်(၅၅၀၀)၊ အာလူး(ရှမ်း) လက်ကားတစ်ပိဿာလျှင် ကျပ်(၂၁၀၀-၂၂၀၀-၂၄၀၀)နှင့်အာလူး(တရုတ်) လက်ကားတစ်ပိဿာလျှင် ကျပ်(၂၅၀၀-၂၆၀၀-၂၈၀၀)၊ အာလူး(ရှမ်း) လက်လီဈေးမှာ ထိပ်စတစ်ပိဿာလျှင် ကျပ်(၂၅၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၂၄၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၂၂၀၀)၊ အာလူး(တရုတ်) လက်လီဈေးမှာ ထိပ်စတစ်ပိဿာလျှင် ကျပ်(၃၀၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၂၈၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၂၅၀၀)ဖြစ်ခဲ့ပြီး အောက်တိုဘာလ(တတိယပတ်)တွင် ကြက်သွန်ဖြူ (ရှမ်းစ)လက်ကားဈေးမှာ တစ်ပိဿာလျှင် ကျပ် (၈၅၀၀-၉၀၀၀-၉၅၀၀)နှင့် လက်လီဈေးမှာ ထိပ်စတစ်ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၉၅၀၀)၊ ချင်း(ဂျင်း) လက်ကားတစ်ပိဿာလျှင် ကျပ်(၃၀၀၀)နှင့် လက်လီတစ်ပိဿာလျှင် ကျပ်(၃၅၀၀)၊ အာလူး(ရှမ်း) လက်ကားတစ်ပိဿာလျှင် ကျပ်(၁၈၀၀-၂၀၀၀-၂၀၀၀)နှင့် အာလူး(တရုတ်) လက်ကားတစ်ပိဿာလျှင် ကျပ်(၂၀၀၀-၂၂၀၀-၂၃၀၀)၊ အာလူး(တရုတ်) လက်လီဈေးမှာ ထိပ်စတစ်ပိဿာလျှင် ကျပ်(၂၅၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၂၄၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၂၂၀၀) ဖြစ်၍ တစ်ပိဿာလျှင် ကျပ်(၂၀၀ - ၃၀၀)ထိကျဆင်းကြောင်း မြို့မဈေး၊ အမှတ်(၂)ဈေးနှင့် ပျံကျဈေးသည်များထံမှသိရှိရပါသည်။
DOCA(မကွေး)