Main menu

ပြည်မြို့၏ ငါးခြောက်ဈေးကွက်

Powered by Drupal

   ပြည်မြို့နယ်တွင် ငါးခြောက်အမျိုးမျိုးတို့အားရောင်းချလျက်ရှိကြရာ လိုအပ်သော ငါးခြောက်များကို ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် ဧရာဝတီတိုင်းတို့မှ လက်လီ/ လက်ကား ဝယ်ယူ၍ ရောင်းချကြပါသည်။ ပြည်ဈေးကွက်တွင် ရောင်းချသော ငါးခြောက် အမျိုးမျိုး တို့၏ ဈေးနှုန်းများမှာ ငါးညှိခြောက်အသား တစ်ပိဿာလျှင် ၅၅၀၀၀ကျပ်၊ အရိုးပါအကောင်လိုက် တစ် ပိဿာလျှင် ၅၀၀၀၀ကျပ်၊ ငါးအုံးရွှေဝါခြောက် တစ်ပိဿာလျှင် ၂၂၀၀၀ကျပ်၊ အာပြဲခြောက် တစ်ပိဿာလျှင် ၃၀၀၀၀ကျပ်၊ ငါးပုတ်သင်ခြောက် တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ ငါးထရွက်ခြောက် တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်၊ ငါးရွှေပြား (အချို)တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ ငါးမုတ်ဆိတ် ခြောက်(အချို) တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်၊ ငါးမွေထိုးအချိုခြောက်(ရှယ်) တစ်ပိဿာလျှင် ၄၅၀၀၀ ကျပ်၊ ငါးဖမ်းမငါးဆားနယ်(အလတ်စ) တစ်ပိဿာ ၈၀၀၀ကျပ်၊ ငါးမျက်ကျယ် (အချို) ၁၇၀၀၀ကျပ်၊ ငါးရံ့လုံးခြောက် တစ်ပိဿာ ၄၉၀၀၀ကျပ်၊ ငါးရံ့ခြောက်ကြီး/ရှယ် (အချို) တစ်ပိဿာ ၈၅၀၀၀ကျပ်၊ ငါးရံ့ခြောက်(အသေး) တစ်ပိဿာ ၆၅၀၀၀ကျပ်၊ ကန့်သဘောင်း အသားမျှင်းခြောက် တစ်ပိဿာ ၃၈၀၀၀ကျပ်၊ ကက္ကူရံခြောက် တစ်ပိဿာလျှင် ၈၀၀၀၀ကျပ် ၊ ငါးကျည်းခြောက် တစ်ပိဿာလျှင် ၉၅၀၀၀ကျပ်တို့ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)