Main menu

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်းရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများ အခြေအနေ

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ဈေးများတွင် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ စတုတ္ထအပတ်၌ ‌ရွှေဘိုပေါ်ဆန်း (တစ်အိတ်)လျှင် ၁၂၅,၀၀၀ကျပ်၊  ဧရာမင်း(ဆန်)(တစ်အိတ်)လျှင် ၁၃၀,၀၀၀ကျပ်၊ ဧည့်မထဆန် (တစ်အိတ်)လျှင် ၁၁၀,၀၀၀ကျပ်၊ ပဲဆီ(တစ်ပိဿာ)လျှင် ၁၂၅၀၀ကျပ်၊ နှမ်းဆီ (တစ်ပိဿာ) လျှင် ၁၂၅၀၀ကျပ်၊ နေကြာဆီ(တစ်ပိဿာ)လျှင် ၁၂၅၀၀ကျပ်၊ စားအုန်းဆီ (တစ်ပိဿာ) လျှင် ၄၉၀၀ကျပ်၊ ဆား(တစ်ပိဿာ)လျှင် ၆၀၀ကျပ်မှ ၇၀၀ကျပ်၊ ငရုတ်ခြောက် (တစ်ပိဿာ)လျှင် ၁၆၀၀၀ကျပ်မှ ၁၇၀၀၀ကျပ်၊ ကြက်သွန်နီ (တစ်ပိဿာ)လျှင် ၂၃၀၀ကျပ်မှ ၂၅၀၀ကျပ်၊ ကြက်သွန်ဖြူ (ရှမ်းစ) (တစ်ပိဿာ)လျှင် ၈၅၀၀ကျပ်မှ ၉၀၀၀ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) (တစ်ပိဿာ) လျှင် ၈၅၀၀ကျပ်မှ ၉၀၀၀ကျပ်၊ အာလူး (တစ်ပိဿာ) လျှင် ၂၀၀၀ကျပ်မှ ၂၄၀၀ကျပ်၊ မန်ကျည်းသီးမှည့် (တစ်ပိဿာ) လျှင် ၃၅၀၀ကျပ်မှ ၃၈၀၀ကျပ်၊ နနွင်းတက် (တစ်ပိဿာ) လျှင် ၉၅၀၀ကျပ်မှ ၁၀၀၀၀ကျပ်၊ ခရမ်းချဉ်သီး (တစ်ပိဿာ) လျှင် ၂၀၀၀ကျပ်၊ ဂေါ်ဖီထုပ် (တစ်ထုပ်) လျှင် ၈၀၀ကျပ်၊ ပဲသီး(ပဲထောင့်ရှည်)(တစ်စည်း)လျှင် ၅၀၀ကျပ်၊ ကြက်သား (တစ်ပိဿာ) လျှင် ၇၅၀၀ကျပ်မှ ၈၀၀၀ကျပ်၊ ဝက်သား (တစ်ပိဿာ)လျှင် ၁၈၀၀၀ကျပ်မှ ၁၉၀၀၀ကျပ်၊ အမဲသား (တစ်ပိဿာ) လျှင် ၁၂၀၀၀ကျပ်မှ ၁၃၀၀၀ကျပ်၊ ဆိတ်သား(တစ်ပိဿာ)လျှင် ၂၀၀၀၀ကျပ်မှ ၂၂၀၀၀ကျပ်၊ ငါးမြစ်ချင်း (တစ်ပိဿာ) လျှင် ၁၁၀၀၀ကျပ်မှ ၁၂၀၀၀ကျပ်၊ ကြက်ဥ (၁)လုံးလျှင် ၂၅၀ကျပ်၊ ဘဲဥ (၁)လုံးလျှင် ၃၃၀ကျပ်၊ ဖရဲသီး (ကျောက်စိမ်း) (၁)လုံးလျှင် ၁၅၀၀ကျပ်မှ ၂၀၀၀ကျပ်၊ ဖရဲသီး (၂၁၁) (၁)လုံးလျှင် (၁၀၀၀-၃၀၀၀) ကျပ်အတွင်း အသီသီးဈေးရှိကြောင်းသိရသည်။

     ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက အခြေခံစားကုန်များဖြစ်သည့် နနွင်းတက်ဈေးနှုန်းအနည်းငယ်တက်နေကြောင်းနှင့် စားအုန်းဆီဈေးနှုန်းများ ရည်ညွှန်းဈေးပေါ်မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိကြောင်း ချင်းတွင်းရတနာဈေးရှိ လက်လီ/လက်ကားရောင်းဝယ်ဖောက်ကားရောင်းချနေသော ကုန်သည်များထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)