Main menu

မန္တလေးမြို့၏ ကြံထွက်ပစ္စည်းနှင့် သကြားဈေးကွက်အခြေအနေ

Powered by Drupal

     မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကြံထွက်ပစ္စည်းများမှာ ရာသီချိန်ကျော်လွန်၍ ကြံအသစ်ပေါ်ချိန် ၂လကျော်၊ ၃လအလိုတွင် လက်ကျန်ပစ္စည်းနည်းပါးချိန်ကာလအတွင်း အခြားစားသောက်ကုန်ပစ္စည်းဈေးတက်လာခြင်းသာမက ကြံထွက်ပစ္စည်းများဖြစ်ကြသော ပွက်သားမှအစ ပေါင်းသကြား၊ ခါသကြားတို့လည်း ဈေးတက်လျက်ရှိပါသည်။ ကြံပေါ်သည့်ရာသီချိန်တွင် ပွက်သားများမှာ ကြံစိုက်တောင်သူများလက်ဝယ်တွင်ရှိသော်လည်း ရာသီချိန်ကျော်လွန်သည့်အခါ ကုန်သည်၊ ပွဲစားများ၊ လှောင်ထားသူများ၏ လက်ထဲတွင်သာရှိပါသည်။ ကြံကို တိုက်ရိုက်ဝယ်ယူသည့်သကြားစက်တို့တွင် သကြားများကြိတ်ခွဲထားရှိပြီး ပြည်တွင်း/ ပြည်ပသို့ တိုက်ရိုက်တင်ပို့ရောင်းချကြပါသည်။ ပွက်သားနှင့် သကြားတို့မှာ အခြားလယ်ယာထွက်ကုန်ပစ္စည်းများကဲ့သို့ ပုပ်ခြင်း၊ မှိုတက်ခြင်း၊ ခြောက်သွေ့ခြင်း၊ အလေးချိန်လျော့နည်းခြင်းများမရှိသောကြောင့်  လှောင်ကန်များ၊ ပေပါပိုင်းများထပ်ဆင့်ပြီး သိုလှောင်ထားရှိပါသည်။ ပွက်သားကို ယိုစုံလုပ်ငန်း၊ မြန်မာမရွေးလုပ်ငန်းနှင့် ရေခဲခြစ်လုပ်ငန်းတို့တွင်အသုံးပြုကြပြီး သကြားကို စားသောက်ကုန်လုပ်ငန်း၊ အချိုရည်မျိုးစုံလုပ်ငန်းနှင့် အဖျော်ယမကာလုပ်ငန်းတို့တွင် အများဆုံးအသုံးပြုကြပါသည်။ ပြည်ပနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံတွင်သာမက ယခု၂၀၂၃ခုနှစ်တွင် အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်တို့မှလည်း ဝယ်ယူရန်ကမ်းလှမ်းလာကြခြင်း၊ ပြည်ပတင်ပို့မှုများလာခြင်းတို့ကြောင့် ပြည်တွင်းစက်များသကြားနည်းပါးခြင်း၊ ယခု၂၀၂၃ခုနှစ်နှင့် ၂၀၂၂ခုနှစ်တို့တွင် ပွက်သားတစ်ပိဿာလျှင် (၁၀၀၀)ကျပ်ကျော်၊ ပေါင်းသကြားတစ်ပိဿာလျှင် (၁၂၀၀) ကျပ်နှင့် ခါသကြား တစ်ပိဿာလျှင် (၁၁၀၀)ကျပ်ထိကွာခြားလျက်ရှိပါသည်။

သကြားနှင့်သကာရည်ကုန်စည်ဒိုင်အသင်း၏ နေ့စဉ်ပေါက်ဈေး

 

စဉ်

အမျိုးအစား

၂၃.၁၀.၂၀၂၂

၂၃.၁၀.၂၀၂၃

နိမ့်

မြင့်

နိမ့်

မြင့်

ပွက်သား

-

၂၀၀၀

၃၁၀၀

၃၁၅၀

ပေါင်းသကြား

၂၃၀၀-၂၄၀၀

၂၅၀၀

၃၆၅၀

၃၇၂၀

ခါသကြား

-

၂၁၅၀

-

၃၃၅၀

ခါရည်

-

၁၈၀၀

-

၂၀၀၀

ပေါင်းရည်

၇၅၀

၁၁၀၀

၇၅၀

၁၃၅၀

 

      မြန်မာ့သကြားဈေးနှုန်းမှာ ပြည်တွင်း၌ဈေးတက်ခြင်းသာမက ပြည်ပသကြားများလည်းဈေးတက်ကြောင်း စုံစမ်းသိရှိရပြီးလာမည့် ကြံစိုက်ရာသီတွင် ကြံစိုက်တောင်သူများအနေဖြင့် ကြံကိုပိုမိုစိုက်ပျိုးသင့်ပါကြောင်း အကြံပြုလေ့လာရေးသားလိုက်ရပါသည်။

DOCA(မန္တလေး)