Main menu

ရွှေဘိုခရိုင်အတွင်း အောက်တိုဘာလ နောက်ဆုံးအပတ်တွင်ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

Powered by Drupal

     ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ နောက်ဆုံးအပတ်တွင် စပါး/ဆန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်နေပါသည်။ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ အောက်တိုဘာလ တတိယအပတ်တွင်  ရန်ကုန်သို့ အိတ်ရေ ၁၇၅၀၀အိတ်၊ မန္တလေးသို့ အိတ်ရေ ၁၇၀၀၀အိတ်၊ နေပြည်တော်သို့ အိတ်ရေ ၃၅၀၀အိတ်၊ ရှမ်း(တောင်)သို့ အိတ်ရေ ၂၀၀၀အိတ်၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၂၀၀၀အိတ်၊ ပခုက္ကူသို့ အိတ်ရေ ၁၂၀၀အိတ်၊ စုစုပေါင်းအိတ်ရေ ၄၃၂၀၀အိတ်၊ တန်အားဖြင့် ၂၁၆၀တန်စီးထွက်ခဲ့ပါသည်။ ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၉၅၀၀အိတ်၊ မန္တလေးသို့ အိတ်ရေ ၁၇၈၀၀အိတ်၊ နေပြည်တော်သို့ အိတ်ရေ ၃၀၀၀အိတ်၊ ရှမ်း(တောင်)သို့ အိတ်ရေ ၂၀၀၀အိတ်၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၂၀၀၀အိတ်၊ ပခုက္ကူသို့ အိတ်ရေ ၁၅၀၀အိတ်၊ စုစုပေါင်းအိတ်ရေ ၄၅၈၀၀အိတ်၊ တန်အားဖြင့် ၂၂၉၀တန်စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ယခုအပတ်အတွင်း အိတ်ရေ ၂၆၀၀အိတ်၊ တန်အားဖြင့် ၁၃၀တန်ပို၍ စီးထွက်ခဲ့ပါသည်။

   ရွှေဘိုမြို့၏ အောက်တိုဘာလ  နောက်ဆုံးအပတ်တွင်ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျှင် ကျပ်၃၇၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၂၅၀၀၀၊  ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၃၅၀၀၀နှင့် (၂၀၂၂-၂၀၂၃)ခုနှစ်  ရွှေဝါထွန်း(နွေစပါး) တင်း၁၀၀လျှင် ကျပ်၁၈၅၀၀၀၀၊ ရွှေဝါထွန်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၇၅၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)