Main menu

ရွှေဘိုမြို့၌ စားသုံးဆီဈေးနှုန်းများတည်ငြိမ်

Powered by Drupal

    စီးပွား‌‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်းတင်ပြလျက်ရှိရာ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ နောက်ဆုံးအပတ်တွင် ရွှေဘိုမြို့၌ စားသုံးဆီဈေးနှုန်းများတည်ငြိမ်လျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှသိရသည်။

  ရွှေဘိုမြို့ပေါ်တွင် စားသုံးဆီ လက်လီ/လက်ကားရောင်းချသောဆိုင် (၁၂)ဆိုင်ရှိပြီး အောက်တိုဘာလ တတိယအပတ်တွင် စားအုန်းဆီတစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ ပဲဆီသန့်တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုအောက်တိုဘာလ နောက်ဆုံးအပတ်တွင်လည်း စားအုန်းဆီတစ်ပိဿာလျှင် (၅၀၀၀) ကျပ်၊ ပဲဆီသန့်တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေသဖြင့် ယခင်အပတ်နည်းတူ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း စားသုံးဆီ လက်ကားအရောင်းဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)