Main menu

ပခုက္ကူမြို့နယ်၌ အောက်တိုဘာလ(တတိယပတ်)အတွင်း ဖြစ်ပေါ်နေသော ငရုတ်သီးခြောက် ဈေးနှုန်းဈေးကွက်

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ မြို့မစည်ပင်သာယာဈေး၊ ပျံကျဈေးနှင့် အမှတ်(၂)ဈေးတို့တွင် အိမ်ရှင်မများအသုံးပြုလျက်ရှိသော ငရုတ်သီးခြောက်၊ ငရုတ်သီးခွဲခြမ်းနှင့် ငရုတ်သီးမှုန့်များ ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။ ငရုတ်သီးခြောက်များမှာ မိမိဒေသထွက် ငရုတ်သီးခြောက်သာမက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပျော်ဘွယ်၊ မိတ္ထီလာ၊ သာစည်နှင့် ရမည်းသင်းဒေသများမှ ထွက်ရှိသော ငရုတ်သီးခြောက်များလည်း ရောင်းဝယ်ဖောက်ကားလျက်ရှိကြောင်း မြို့မစည်ပင်ဈေးမှ သိရှိရပါသည်။

    မြို့မစည်ပင်ဈေးတွင်ရောင်းချနေသော ငရုတ်သီးခြောက် အမျိုးအစားများမှာ ရွှေအပ်သီး၊ မိုးမျှော်ငရုတ်သီး၊ (692)ငရုတ်ခြောက်၊ ထွာဘယ်(7)ငရုတ်သီးခြောက်နှင့် ဒေသတွင်းမှ ထွက်ရှိသော ငရုတ်သီးခြောက်များရောင်းချနေကြောင်း၊ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(တတိယပတ်)အတွင်း ရောင်းချနေသောငရုတ်သီးခြောက်ဈေးနှုန်းများမှာ ရွှေအပ်သီး တစ်ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ မိုးမျှော်ငရုတ်သီး တစ်ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ (692)ငရုတ်ခြောက် တစ်ပိဿာလျှင် ကျပ် (၁၄၀၀၀)၊ ထွာဘယ်(7) တစ်ပိဿာလျှင် ကျပ်(၁၄၀၀၀)နှင့် ဒေသတွင်းမှထွက်ရှိသော ငရုတ်သီးခြောက် အဟောင်း တစ်ပိဿာလျှင် ကျပ်(၇၀၀၀- ၆၀၀၀)ဖြင့် ရောင်းချနေကြောင်း၊ ငရုတ်သီးခွဲခြမ်း တစ်ပိဿာလျှင် ကျပ်(၁၅၀၀၀-၁၄၀၀၀)နှင့် ငရုတ်မှုန့် တစ်ပိဿာလျှင် ကျပ်(၁၄၀၀၀)ဖြင့် နေ့စဉ် ရောင်းချလျက်ရှိကြောင်း မြို့မဈေးနှင့် အမှတ်(၂)ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)