Main menu

နတ်တလင်းမြို့နယ်တွင် ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်း အခြေအနေ

Powered by Drupal

    မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

    ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် စက်သုံးဆီဆိုင်(၈)ဆိုင်ရှိရာ     ပုံမုန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ် ၊ အောက်တိုဘာလ (စတုတ္တပတ်)တွင်ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင်(၂၀၈၈)ကျပ်၊ ဓာတ်ဆီ(95) တစ်လီတာ လျှင်(၂၁၈၃)ကျပ် ဒီဇယ်ရိုးရိုး တစ်လီတာလျှင် (၂၃၃၃)ကျပ် ၊  ဒီဇယ်(ပရီမီယမ်)တစ်လီတာ လျှင် (၂၄၄၈)ကျပ် ဖြင့်ရောင်းချလျက်ရှိကြောင်းသိရပါသည်။

    ၂၀၂၃ခုနှစ် အောက်တိုဘာလ (ပထမ)ပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ (92)တစ်လီတာလျှင်(၁၉၆၈)ကျပ်၊ဓာတ်ဆီ(95)တစ်လီတာလျှင်(၂၀၆၈)ကျပ် ၊ ဒီဇယ်ရိုးရိုး တစ်လီတာလျှင်(၂၃၀၈)ကျပ် ၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၂၃၅၃)ကျပ် ဖြင့်ရောင်းချလျက် ရှိကြောင်း သိရပါသည်။ 

    ယခု အောက်တိုဘာလ (စတုတ္တ) အပတ်နှင့် နှိုင်းယှဉ်ပါက ဓာတ်ဆီ (92)တစ်လီတာလျှင် (၁၂၀) ကျပ်၊ ဓာတ်ဆီ (95) တစ်လီတာလျှင်(၁၁၅)ကျပ်၊  ဒီဇယ်ရိုးရိုးတစ်လီတာလျှင် (၂၅)ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၉၅)ကျပ် ဈေးမြင့်တက်သွားကြောင်း သိရပါသည်။

DOCA(ပဲခူး)