Main menu

ရေတာရှည်မြို့နယ်တွင် မိုးစပါးများစတင်ရိတ်သိမ်းနေပြီး ဆန်သစ်များပေါ်ပြီ

Powered by Drupal

    တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ မိုးစပါးစိုက်ဧက ၈၀၇၄၄ဧကရှိပြီး ၂၀၂၃ခုနှစ်၊ အောက်တိုဘာလတွင် ၉၃၀၀ဧကခန့်ရိတ်သိမ်းပြီးဖြစ်ပါသည်။ စပါးဈေးနှုန်းမှာ ၅၄ပေါင်ပါ တစ်တင်းလျှင် အစိုဓာတ် ၂၅%ပါဝင်ပြီး တင်း၁၀၀လျှင် ကွင်းဈေး ၁၅၉၀၀၀၀ကျပ်ရှိကာ မြို့ပေါ်ရှိစက်ရုံအရောက်ဈေးမှာ ၁၆၅၀၀၀၀ကျပ်ရှိပါသည်။

     ဆန်ဈေးမှာ တစ်အိတ်လျှင် ၅၉၀၀၀ကျပ်မှ ၆၀၀၀၀ကျပ်အထိရှိပါသည်။ တောင်သူလယ်သမားအများစုမှာ မြို့ပေါ်အရောက်သယ်၍ စပါးကို တိုက်ရိုက်ရောင်းချကြပြီး တောင်သူတချို့ မှာ ဆန်ကြိတ်ပြီးမှ ကြိတ်ခွဲထွက်ရှိသည့် ဆန်နှင့်ဆန်ထွက်ပစ္စည်းကို ပြန်လည်ရောင်းချကြပါသည်။

     ဆန်ကြိတ်ခွဲပြီးမှ ထွက်ရှိလာသော ဆန်နှင့်ဆန်ထွက်ပစ္စည်းကိုရောင်းချခြင်းသည် စပါးကို တိုက်ရိုက်ရောင်းချခြင်းထက် အကျိုးအမြတ်ပိုသော်လည်း ရာသီချိန်အားလပ်မှုမရှိခြင်းကြောင့် တောင်သူလယ်သမားအများစုမှာ စပါးကို တိုက်ရိုက်ရောင်းချကြကြောင်းသိရပါသည်။

DOCA(ပဲခူး)