Main menu

ဖြူးအနောက်တောင်ဒေသထွက် သီးမွှေးငှက်ပျောသီးများဖြိုင်ဖြိုင်ပေါ်ပြီ

Powered by Drupal

     ဖြူးမြို့၊ အနောက်တောင်ယာတောများတွင်စိုက်ပျိုးသော သီးမွှေးငှက်ပျောသီးမှာ ဖြူးမြို့၊ စည်ပင်သာယာဈေးတွင် ဈေးကွက်ဖြစ်ထွန်းလျက်ရှိပါသည်။ ဖြူးဒေသထွက် သီးမွှေးငှက်ပျောသီးမှာ အရသာကောင်းမွန်သောကြောင့် ဒေသတွင်းသာမက အခြားမြို့ရွာများအထိ နာမည်ကျော်လျက်ရှိပါသည်။

     ဖြူးအနောက်တောင်ပေါ်မှထွက်သော သီးမွှေးငှက်ပျောသီးများကို ဆိုင်ကယ်များဖြင့်သယ်ယူ၍ ဖြူးစည်ပင်သာယာဈေးရှိ ငှက်ပျောသီးဆိုင်များသို့ လာရောက်ရောင်းချကြပါသည်။ သီးမွှေးငှက်ပျောသီးဈေးနှုန်းများအနေဖြင့် အဖီးလှတစ်ဖီးလျှင် ၃၅၀၀ကျပ်ထိဈေးနှုန်းရှိပြီး အကြီး/ အသေးအလိုက် ၁၅၀၀ကျပ်မှစ၍ ၂၅၀၀ကျပ်၊ ၃၀၀၀ကျပ်အထိဈေးနှုန်းရှိကြောင်းသိရှိရပါသည်။

    ဖြူးဒေသထွက် သီးမွှေးငှက်ပျောသီးမှာ မြန်မာတို့၏ပွဲတော်ဖြစ်သော သီတင်းကျွတ်အချိန်အခါ အောက်တိုဘာလတွင် လှိုင်လှိုင်ပေါ်ခြင်းဖြစ်ပါသည်။ မြန်မာတို့၏သီတင်းကျွတ်ပွဲတော်ပြီးလျှင် ဟိန္ဒူလူမျိုးတို့၏ ဒေပါဝါရီပွဲတော်ဖြစ်သောကြောင့် ယခုကာလသည် သီးမွှေးငှက်ပျောသီးရောင်းအားအကောင်းဆုံးလလည်းဖြစ်ပါသည်။

    သီတင်းကျွတ်အချိန်အခါ၌ လူကြီးမိဘများအား ဂါရဝပြုကန်တော့ကြရာတွင် သီးမွှေးငှက်ပျောသီးများဖြင့်ကန်တော့ခြင်း၊ ဟိန္ဒူလူမျိုး၏ ဒေပါဝါရီပွဲတော်တွင်ဘုရားရှိခိုးရာတွင် ရိုးရာထုံးတမ်းအရ အသီးမျိုးစုံ၊ ပန်းမျိုးစုံဖြင့်ကန်တော့ကြခြင်းကြောင့် ယခုကာလသည် သီးမွှေးငှက်ပျောသီးရောင်းအားကောင်းခြင်းဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)