Main menu

တောင်ငူမြို့နယ်၊ ဒိုးအင်းကျေးရွာအုပ်စုတွင် ကြံစိုက်ခင်းများအောင်မြင်ဖြစ်ထွန်း

Powered by Drupal

   ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်ရှိ ဒိုးအင်းကျေးရွာအုပ်စုတွင် ကြံခင်းများအောင်မြင်ဖြစ်ထွန်းနေကြောင်းတွေ့ရပါသည်။ ကြံသည် နိုင်ငံတော်၏ အဓိကသီးနှံ ၁၀မျိုးတွင် တစ်ခုအပါအဝင်ဖြစ်သဖြင့် ပန်းတိုင်အထွက်နှုန်းထွက်ရှိစေရန်အတွက် အားပေးဆောင်ရွက်လျက်ရှိပါသည်။ ကြံကို စပါးစိုက်ပျိုးရန်ခက်ခဲသည့် သဲဆန်သောမြေများနှင့် ကုန်းကျသောမြေများတွင်သာစိုက်ပျိုးကြပါသည်။ ကညင်ချောင်းကျေးရွာအုပ်စု၊ စပါးကြွယ်ကျေးရွာအုပ်စုများတွင်လည်း ကြံစိုက်ပျိုးကြပါသည်။

   မြန်မာနိုင်ငံတွင် ကြံကို ရှေးကတည်းကပင် စိုက်ပျိုးကြထုတ်လုပ်ကြပါသည်။ ကြံစိုက်ပျိုးသည့် အဓိကရည်မှန်းချက်မှာ သကြားရရှိနိုင်ရန်အတွက်ဖြစ်ပါသည်။ သကြားသည် လူတို့၏အစားအစာတွင် အရေးပါသောကုန်ပစ္စည်းတစ်မျိုးဖြစ်ပါသည်။ စိုက်ပျိုးသည့်တောင်သူများနှင့် ကြံစိုက်ခင်းများသည် ခေတ်မီသကြားစက်ကြီးများတည်ရှိမှုနှင့် ဈေးကောင်းပေးဝယ်ယူရေးသည်လည်း လိုအပ်သည်ကိုတွေ့ရပါသည်။ ကြံစိုက်ပျိုးရေးခြံများမှ မျိုးကောင်းမျိုးသန့်များကို လွယ်ကူစွာဝယ်ယူရရှိခြင်း၊ စက်ရုံကြီးများမှ ဈေးကောင်းပေးဝယ်ယူခြင်းတို့ကြောင့် မြေလွတ်မြေရိုင်းများတွင် အများအပြားစိုက်ပျိုးလာကြပါသည်။

     ယခင်နှစ် ကြံပေါ်ချိန်၌ ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၈၅၀၀၀ကျပ်ရရှိပါသည်။ ယခုနှစ်ကြံပေါ်ချိန်တွင် ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၁၀၀၀၀ကျပ်ဖြင့် ဝယ်ယူမည်ဖြစ်ကြောင်းသိရပါသည်။ တောင်ငူမြို့နယ်တွင် သက်ဆိုင်ရာဌာနများ၏ စာရင်းများအရ ကြံခင်းသစ် ၂၄၅၀ဧကနှင့်   လမိုင်း ၂၂၇၆ဧကရှိကြောင်းသိရပါသည်။ ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် စတင်စိုက်ပျိုးသည့်ကြံများသည် ယခုအောက်တိုဘာလတွင် ၁၀လသားအရွယ်ရှိသော အောင်မြင်ဖြစ်ထွန်းနေသည့် ကြံခင်းအဖြစ်တွေ့ရပါသည်။ နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် ကြံရွက်ချခြင်း၊ ပိုးမွှားကာကွယ်ခြင်း၊ မီးဘေးအန္တရာယ်ကာကွယ်ခြင်းများဆောင်ရွက်နိုင်ပါက ကြံစိုက်တောင်သူကြီးများဝင်ငွေတိုးတော့မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)