Main menu

စစ်တွေမြို့၊မြို့မဈေးအတွင်း အရောင်းအဝယ်ဖြစ်ပေါ်နေသော အခြေခံစားကုန်များ၏ ဈေးနှုန်းများအခြေအနေ

Powered by Drupal

    ၂၀၂၃ ခုနှစ် အောက်တိုဘာလ စတုတ္တပတ်အတွင်း စစ်တွေမြို့မဈေးအတွင်း အခြေခံစားကုန်များဖြစ်သော  ပေါ်ဆန်း၂၄  ပြည်ပါ တစ်အိတ်လျှင် ကျပ်(၁၀၀၀၀၀ မှ ၁၀၃၀၀၀) အတွင်း၊ ဧည့်မထ (သီရိဒုံ)  ၂၄ ပြည်ပါ  တစ်အိတ်လျှင်  ကျပ် (၈၂၀၀၀ မှ ၈၄၀၀၀)အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်)  ၁၀ ပိဿာ  တစ်အိတ်လျှင် ကျပ် (၇၈၀၀၀ မှ ၈၀၀၀၀) အတွင်း၊ ကြက်သွန်ဖြူ (ရှမ်းကြီး) ၁၀ပိဿာ တစ်အိတ်လျှင် ကျပ် (၉၈၀၀၀ မှ ၁၀၀၀၀၀) အတွင်း၊ ကြက်သွန်ဖြူ (ရှမ်းလတ်) ၁၀ ပိဿာ တစ်အိတ်လျှင် ကျပ် (၉၃၀၀၀ မှ ၉၅၀၀၀) အတွင်း၊ ကြက်သွန်ဖြူ (ရှမ်းငယ်) ၁၀ပိဿာ တစ်အိတ်လျှင် ကျပ် (၈၈၀၀၀ မှ ၉၀၀၀၀) အတွင်း၊ ဂျင်း ၁၀ပိဿာ တစ်အိတ်လျှင် ကျပ် (၆၃၀၀၀ မှ ၆၅၀၀၀)  အတွင်း၊  ကုလားပဲခြမ်း တစ်ပိဿာလျှင် ကျပ် (၆၅၀၀ မှ ၆၇၀၀) အတွင်း၊ အာလူး(အောင်ပန်း) တစ်ပိဿာလျှင် ကျပ် (၃၄၀၀ မှ ၃၅၀၀) အတွင်း၊ ဂေါ်ဖီထုပ် (ရှမ်း) တစ်ထုပ်လျှင် ကျပ်(၂၀၀၀ မှ ၂၂၀၀) အတွင်း၊     ဝက်သား တစ်ပိဿာ လျှင် ကျပ် (၂၂၀၀၀ မှ ၂၄၀၀၀) အတွင်း၊ အမဲသားတစ်ပိဿာလျှင် ကျပ်(၂၄၀၀၀ မှ၂၆၀၀၀) အတွင်း၊ ဆိတ်သားတစ်ပိဿာလျှင် ကျပ် (၂၅၀၀၀ မှ ၂၆၀၀၀) အတွင်း အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိပြီး စက်တင်ဘာလအတွင်း အရောင်းအဝယ်ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းအတိုင်း အရောင်းအဝယ် ဖြစ်ပေါ် လျက်ရှိကြောင်း  ဈေးဆိုင်/ ပွဲရုံများထံမှ  သိရပါသည်။

DOCA(ရခိုင်)