Main menu

ဖြူးမြို့နယ်တွင် မိုးစပါးများ စတင်ရိတ်သိမ်းပြီ

Powered by Drupal

   တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ မိုးစပါးစိုက်ဧက ၁၅၀၈၂၆ဧကရှိရာ စက်တင်ဘာလ လကုန်ပိုင်းမှစ၍ စတင်ရိတ်သိမ်းနေပြီဖြစ်ပါသည်။ အောက်တိုဘာလ ၄ရက်နေ့အထိ ၁၅၄၂ဧကရိတ်သိမ်းပြီးစီးခဲ့ပြီး တစ်ဧကလျှင် တင်း ၇၀ခန့်ထွက်ရှိကြောင်းသိရပါသည်။ စပါးပေါက်ဈေးမှာ နှံကောက် တင်း ၁၀၀လျှင် ၁၅၀၀၀၀၀ကျပ်နှင့် ဆင်းသုခ တင်း၁၀၀လျှင် ၁၅၂၀၀၀၀ကျပ်ရှိပါသည်။

  ဖြူးမြို့နယ်မှထွက်ရှိသော နှံကောက်နှင့် ဆင်းသုခစပါးများကို အဆင့်မြင့်ကြိတ်ခွဲစက်များဖြင့်ကြိတ်ခွဲ၍ ဖြူးမြို့နယ်အတွင်းနှင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ရှိ မြို့နယ်အသီးသီးသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။ ယခုအောက်တိုဘာလတွင် ကြိတ်ခွဲရောင်းချလျက်ရှိသောဆန်ဈေးနှုန်းမှာ နှံကောက်တစ်အိတ်လျှင် ၅၈၀၀၀ကျပ်နှင့် ဆင်းသုခတစ်အိတ်လျှင် ၆၁၀၀၀ကျပ်ရှိပါသည်။ ဆန်ကွဲတစ်အိတ်လျှင် ၄၅၀၀၀ကျပ်၊ ဖွဲနုတစ်အိတ်လျှင် ၂၅၀၀၀ကျပ်ရှိကြောင်းသိရပါသည်။

      ဖြူးမြို့နယ်တွင် ယခင်နှစ်တွင်လည်း မိုးစပါး ၁၅၀၈၂၆ဧကစိုက်ပျိုးခဲ့ရာ အထွက်နှုန်း ၈၀.၁၈တင်းရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှသိရပါသည်။

DOCA(ပဲခူး)